
0
278




YBS ၃၇ နဲ့ Hijet တို့ တိုက်မိ ၂ ဦးသေ ၂ ဦး ဒဏ်ရာရ

မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းမပေါ် ရတနာ(စိုက်ပျိုးရေး) အိမ်ရာရှေ့ မှာ YBS 37 နဲ့ Hijet ယာဉ် မျက်နှာချင်း ဆိုင်တိုက်မိခဲ့ပြီး ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဇွန်လ ၁၈ ရက်နေ့ ဒီကနေ့မှာ ရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပြည်လမ်းမပေါ် ရတနာ(စိုက်ပျိုးရေး) အိမ်ရာရှေ့မှာ ရှစ်မိုင်ဘက်ကနေ မောင်းနှင်လာတဲ့ Hijet ယာဉ်တစ်စီးက အရှိန်လွန်ပြီး လေဆိပ်ဘက်ကနေ မောင်းနှင်လာတဲ့ YBS ခရီးသယ်တင်ယာဉ်ကို မျက်နှာချင်းဆိုင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် Hijet ယာဉ်ပေါ်ပါ လူ ၄ ဦး အနက် ခေါင်းခန်းပါ ယာဉ်မောင်း အပါအဝင် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ၊ ကျန် အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။