YBS ယာဥ္လုိင္းေတြကုိ နည္းပညာနဲ႔ထိန္းေက်ာင္းမႈေတြ လုပ္ေန

0
236

YBS ယာဥ္းလုိင္းေတြကုိ နည္းပညာနဲ႔ထိန္းေက်ာင္းမႈေတြ လုပ္ေနၿပီး ယာဥ္လုပ္သားေတြကုိလည္း အလုပ္သမား ဥပေဒအရ ထိန္ခ်ဳပ္မႈေတြ ျပဳလုပ္ေနတယ္လုိ ရန္ကုန္တုိင္းေဒသႀကီး သယ္ယူပုိ႕ေဆာင္ေရး ႀကီးၾကပ္ကြက္ကဲမႈ အာဏာပုိင္အဖြဲ႕ (YRTA) ကေျပာပါတယ္။ ဒီသတင္းကုိMCN သတင္းေထာက္သႏၱာမုိးက ေပးပုိ႔ထားပါတယ္။

YRTA အေနနဲ႔ သက္ဆုိင္ရာကုမၸဏီက ယာဥ္လုိင္းေတြကုိ ႀကီးၾကပ္ကြပ္ကဲတာေတြ၊ YRTA ကေနတဆင္႔ YBO လုိေခၚတဲ႔ Yangon Bus Operator ဖြဲ႔စည္းၿပီး YBS ယာဥ္းလုိင္းေတြကုိ ႀကီးၾကပ္ ထိန္းေက်ာင္းေနတာျဖစ္တယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ ယာဥ္လုပ္သားေတြကုိလည္း ေနာက္ပိုင္း ကုမၸဏီယာဥ္လုပ္သားေတြ ျဖစ္လာမွာေၾကာင့္ အလုပ္သမား ဥပေဒအရ ထိနး္ခ်ဳပ္မႈေတြ ျပဳလုပ္ေနတယ္လုိ ရန္ကုန္တုိင္းေဒသႀကီး သယ္ယူပုိ႕ေဆာင္ေရး ႀကီးၾကပ္ကြက္ကဲမႈ အာဏာပုိင္အဖြဲ႕ (YRTA) တြဲဖက္အတြင္းေရးမွဴး ဦးလွေအာင္ကေျပာပါတယ္။

ေမလ ၁၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ YRTA ႐ံုးခ်ဳပ္မွာျပဳလုပ္တဲ့ မီဒီယာေတြ႔ဆုံပြဲမွာ တြဲဖက္အတြင္းေရးမွဴး ဦးလွေအာင္က ေျပာခဲ့တာပါ။

Soundbite ဦးလွေအာင္ (တြဲဖက္အတြင္းေရးမွဴး)

ရန္ကုန္တုိင္းေဒသႀကီး သယ္ယူပုိ႕ေဆာင္ေရး ႀကီးၾကပ္ကြက္ကဲမႈ အာဏာပုိင္အဖြဲ႕ (YRTA)

YBS ယာဥ္လုိင္းေတြကုိ ၀ါယာႀကဳိး ၂၆ ႀကဳိးပါတဲ႔ GPS စနစ္တစ္မ်ဳိးျဖစ္တဲ့ telematics စနစ္နဲ႔ ထိန္းေက်ာင္းမႈေတြ လုပ္ေဆာင္သြားမွာျဖစ္ၿပီး စည္းကမ္းေဖာက္ဖ်က္တဲ႔ယာဥ္ေတြကုိ ဥပေဒအရ အေရးယူ သြားမွာ ျဖစ္တယ္လုိ႔လည္း ေျပာပါတယ္။

Soundbite ဦးေအာင္ညီညီေမာ္  (မန္ေနဂ်င္း ဒါရုိက္တာ)

ရန္ကုန္တုိင္းေဒသႀကီး သယ္ယူပုိ႕ေဆာင္ေရး ႀကီးၾကပ္ကြက္ကဲမႈ အာဏာပုိင္အဖြဲ႕ (YRTA)

ရန္ကုန္တုိင္းေဒသႀကီး သယ္ယူပုိ႕ေဆာင္ေရး ႀကီးၾကပ္ကြက္ကဲမႈ အာဏာပုိင္အဖြဲ႕ (YRTA) ကုိ ၂၀၁၆ ခုႏွစ္က စတင္ဖြဲ႔စည္းခဲ႔ၿပီး ၂၀၁၇ ခုႏွစ္ဇြန္လ ၁၆ ရက္ေန႔က ယဥ္လမ္းေၾကာင္း ၆၆ ေၾကာင္းကို ယာဥ္စီးေရ ၂၉၀၀ ေက်ာ္နဲ႔ စတင္ေျပးဆြဲခဲ႔တာလည္းျဖစ္ပါတယ္ရွင္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

YBS ယာဉ်းလိုင်းတွေကို နည်းပညာနဲ့ထိန်းကျောင်းမှုတွေ လုပ်နေပြီး ယာဉ်လုပ်သားတွေကိုလည်း အလုပ်သမား ဥပဒေအရ ထိန်ချုပ်မှုတွေ ပြုလုပ်နေတယ်လို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွက်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကပြောပါတယ်။ ဒီသတင်းကိုMCN သတင်းထောက်သန္တာမိုးက ပေးပို့ထားပါတယ်။

YRTA အနေနဲ့ သက်ဆိုင်ရာကုမ္ပဏီက ယာဉ်လိုင်းတွေကို ကြီးကြပ်ကွပ်ကဲတာတွေ၊ YRTA ကနေတဆင့် YBO လိုခေါ်တဲ့ Yangon Bus Operator ဖွဲ့စည်းပြီး YBS ယာဉ်းလိုင်းတွေကို ကြီးကြပ် ထိန်းကျောင်းနေတာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ယာဉ်လုပ်သားတွေကိုလည်း နောက်ပိုင်း ကုမ္ပဏီယာဉ်လုပ်သားတွေ ဖြစ်လာမှာကြောင့် အလုပ်သမား ဥပဒေအရ ထိနး်ချုပ်မှုတွေ ပြုလုပ်နေတယ်လို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွက်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောပါတယ်။

မေလ ၁၅ ရက်နေ့က ရန်ကုန်မြို့ရှိ YRTA ရုံးချုပ်မှာပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောခဲ့တာပါ။

Soundbite ဦးလှအောင် (တွဲဖက်အတွင်းရေးမှူး)

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွက်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)

YBS ယာဉ်လိုင်းတွေကို ဝါယာကြိုး ၂၆ ကြိုးပါတဲ့ GPS စနစ်တစ်မျိုးဖြစ်တဲ့ telematics စနစ်နဲ့ ထိန်းကျောင်းမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး စည်းကမ်းဖောက်ဖျက်တဲ့ယာဉ်တွေကို ဥပဒေအရ အရေးယူ သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

Soundbite ဦးအောင်ညီညီမော်  (မန်နေဂျင်း ဒါရိုက်တာ)

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွက်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွက်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကို ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၇ ခုနှစ်ဇွန်လ ၁၆ ရက်နေ့က ယဉ်လမ်းကြောင်း ၆၆ ကြောင်းကို ယာဉ်စီးရေ ၂၉၀ဝ ကျော်နဲ့ စတင်ပြေးဆွဲခဲ့တာလည်းဖြစ်ပါတယ်ရှင်။