
0
31










YBS ယာဉ်မတော်တဆမှုကြောင့် ခြောက် လအတွင်း သေဆုံးသူ ၃၃ ဦး အထိရှိခဲ့တယ်လို့ YRTA ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ ဇွန် လ အထိ ခြောက်လအတွင်းမှာ YBS ယာဉ်တွေရဲ့ မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၁၈ ဦး ရှိခဲ့ပြီး သေဆုံးသူ ၃၃ ဦးအထိ ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)က ပြောပါတယ်။

သြဂုတ် လ ၂၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ရုံးချုပ်မှာပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံပွဲမှာ YRTAက အခုလို ပြောဆိုခဲ့တာပါ။

Soudbite – ဦးလှအောင် (တွဲဖက်အတွင်းရေးမှူး)
ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့

YRTA အနေနဲ့ ယာဉ်မတော်တဆဖြစ်ပွားတာတွေလျော့ကျစေဖို့ စည်းကမ်းတင်းကျပ်တာတွေ ကိုလုပ်ဆောင်နေပြီး ယာဉ်နောက်လိုက်တွေလိုက်ပါခြင်းအပြင် တခြားစည်းကမ်းမလိုက်နာတဲ့ယာဉ်တွေကို လည်း ရှာဖွေစစ်ဆေး အရေးယူတာတွေပြုလုပ်နေတယ်လို့ YRTA ကပြောပါတယ်။

Soudbite – ဦးလှအောင် (တွဲဖက်အတွင်းရေးမှူး)
ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ ယာဉ်လိုင်း ၂၅ လိုင်းကယာဉ်တွေ စည်းကမ်းချိုးဖောက်မှုကြောင့် တိုင်ကြားမှု ၂၂၄ မှုရှိပြီး အဲ့ဒီ့ယာဉ်တွေကိုချလန်ဖြတ်ဖမ်းဆီးမှုပေါင်း ၈၆၇ မှုရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)က ပြောပါတယ်ခင်ဗျား။