World Robot Games 2019-Thailand ပြိုင်ပွဲမှာ မြန်မာလူငယ်တွေ ပါဝင်ယှဉ်ပြိုင်မယ်

0
84







ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံပြုလုပ်မယ့် World Robot Games 2019 – Thailand ပြိုင်ပွဲမှာ မြန်မာနိုင်ငံက လူငယ်တွေ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCNသတင်းထောက် သော်တာတိုးက ပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံက အိမ်ရှင် အဖြစ်လက်ခံကျင်းပမယ့် World Robot Games 2019 – Thailand ပြိုင်ပွဲကို သြဂုတ်လ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့ အထိ သုံးရက်ကြာ ထိုင်းနိုင်ငံ၊ ပတွန်ဌာနီမြို့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဲ့ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံက လူငယ်တွေပါဝင်ယှဉ်ပြိုင်သွားမှာပါ။

Soundbite – ဦးဇော်ဝင်းထွန်း (အတွင်းရေးမှူး)
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံက လူငယ်တွေဟာ Game အမျိုးအစား ၃မျိုးဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး Rugby robot ပြိုင်ပွဲမှာ ၄ယောက်၊ Biped Robot Race မှာ ၂ယောက်နဲ့ Line Tracing Extreme ပြိုင်ပွဲမှာ၂ယောက် ပါဝင်ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။

Soundbite – သက်ပိုင်မျိုး(ကျောင်းသား)
နည်းပညာတက္ကသိုလ် ရတနာပုံ ဆိုက်ဘာစီးတီး

ဒီပြိုင်ပွဲမှာ စင်္ကာပူ ၊အင်ဒိုနီး၇ှား ၊ထိုင်း ၊မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေက ကျောင်းသား လူငယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အသင်းစုစုပေါင်း ၁ထောင်ကျော် ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။