Workplace ရဲ႕ Workchat ကို အသံုးျပဳၿပီး လုပ္ငန္းခြင္အတြင္း ေအာင္ျမင္မႈေတြ ရရွိခဲ့

0
348

လုပ္ငန္းခြင္အတြင္း ၀န္ထမ္းအားလံုး ပူးေပါင္းပါ၀င္ႏိုင္တဲ့ Workplace ရဲ႕ Workchat ကို အသံုးျပဳၿပီး ရံုးတြင္းဆက္သြယ္လုပ္ကိုင္ရာမွာ ေအာင္ျမင္ေတြရရွိခဲ့တယ္လို႔ ပုဂၢလိကဆက္သြယ္ေရး ကုမၸဏီတခ်ိဳ႕က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးက ေပးပို႔ထားပါ တယ္။

ဆိုရွယ္လူမႈကြန္ရက္ Facebook ကေန Workplace by Facebook ကို ရိုးမဘဏ္၊ အူရီဒူးနဲ႔ တယ္လီေနာ ကုမၸဏီႀကီးေတြက ၀န္ထမ္းအခ်င္းခ်င္း ဆက္ဆံတာ၊ သတင္းအခ်က္အလတ္မွ်ေ၀တာ စတဲ့ ပူးေပါင္းေဆာင္ရြက္ႏိုင္တဲ့ Platform တစ္ခုအေနနဲ႔အသံုးျပဳခဲ့ၿပီး ေအာင္ျမင္မႈေတြရရွိခဲ့တယ္လို ႔ေျပာပါတယ္။

အရင္က လုပ္ငန္းခြင္အတြင္း ေတြ႕ႀကံဳရတဲ့ အခက္အခဲေတြအေနနဲ႔ ၀န္ထမ္းတခ်ိဳ႕ဟာ ရွက္ေၾကာက္မႈေတြ ရွိတတ္တာေတြ႕ရေပမယ့္ Workchart ကို အသံုးျပဳၿပီးေနာက္ပိုင္း အရင္ထက္ပိုမိုပြင့္လင္းျမင္သာစြာ လုပ္ေဆာင္လာတာေတြ႕ရတယ္လို႔လည္း ေျပာပါတယ္။

Mr.Alok Verma (Acting CEO)

 Ooredoo  Myanmar

မိုဘိုင္းဖုန္း တစ္လံုးရွိရံုနဲ႔ ေနရာတိုင္း၊ အခ်ိန္တိုင္းမွာ Workplace ကတစ္ဆင့္ Workchart ကို အသံုးျပဳႏိုင္တာေၾကာင့္ လုပ္ငန္းခြင္အတြင္း Internal Communication ျပဳလုပ္ႏိုင္ၿပီး ေဖ့စ္ဘုတ္ကို အသံုးျပဳတဲ့အတိုင္း လုပ္ေဆာင္ႏိုင္မွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

Mr.Hal Bosher (CEO)

ရိုးမဘဏ္

Workplace ကို ၄ ႏွစ္ၾကာ အသံုးျပဳခဲ့တဲ့ ရိုးမဘဏ္အေနနဲ႔ လက္ရွိ ၀န္ထမ္း ၃၀၀၀ ေက်ာ္နဲ႔ ဘဏ္ခြဲတိုင္းမွာ ေအာင္ေအာင္ျမင္ျမင္ အသံုးခ်ေဆာင္ရြက္ႏိုင္ခ့ဲသလို ၂ ႏွစ္ေက်ာ္ၾကာ အသံုးျပဳခဲ့တဲ့ အူရီဒူးျမန္မာအေနနဲ႔လည္း အဖြဲ႕ တစ္ရာေက်ာ္ကိုလည္း ဖြဲ႕စည္းထားၿပီးျဖစ္ပါတယ္။

ဒါ့အျပင္ တယ္လီေနာ ကုမၸဏီအေနနဲ႔လည္း ျမန္မာအပါအ၀င္ ကမၻာတစ္၀ွမ္းက ၀န္ထမ္း ၂၅၀၀၀ အတြက္ Platform တစ္ခုအျဖစ္ အသံုးျပဳေနတာ ျဖစ္ပါတယ္ရွင္။

လုပ်ငန်းခွင်အတွင်း ဝန်ထမ်းအားလုံး ပူးပေါင်းပါဝင်နိုင်တဲ့ Workplace ရဲ့ Workchat ကို အသုံးပြုပြီး ရုံးတွင်းဆက်သွယ်လုပ်ကိုင်ရာမှာ အောင်မြင်တွေရရှိခဲ့တယ်လို့ ပုဂ္ဂလိကဆက်သွယ်ရေး ကုမ္ပဏီတချို့က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးက ပေးပို့ထားပါ တယ်။

ဆိုရှယ်လူမှုကွန်ရက် Facebook ကနေ Workplace by Facebook ကို ရိုးမဘဏ်၊ အူရီဒူးနဲ့ တယ်လီနော ကုမ္ပဏီကြီးတွေက ဝန်ထမ်းအချင်းချင်း ဆက်ဆံတာ၊ သတင်းအချက်အလတ်မျှဝေတာ စတဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ Platform တစ်ခုအနေနဲ့အသုံးပြုခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တယ်လို ့ပြောပါတယ်။

အရင်က လုပ်ငန်းခွင်အတွင်း တွေ့ကြုံရတဲ့ အခက်အခဲတွေအနေနဲ့ ဝန်ထမ်းတချို့ဟာ ရှက်ကြောက်မှုတွေ ရှိတတ်တာတွေ့ရပေမယ့် Workchart ကို အသုံးပြုပြီးနောက်ပိုင်း အရင်ထက်ပိုမိုပွင့်လင်းမြင်သာစွာ လုပ်ဆောင်လာတာတွေ့ရတယ်လို့လည်း ပြောပါတယ်။

Mr.Alok Verma (Acting CEO)
Ooredoo Myanmar

မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ နေရာတိုင်း၊ အချိန်တိုင်းမှာ Workplace ကတစ်ဆင့် Workchart ကို အသုံးပြုနိုင်တာကြောင့် လုပ်ငန်းခွင်အတွင်း Internal Communication ပြုလုပ်နိုင်ပြီး ဖေ့စ်ဘုတ်ကို အသုံးပြုတဲ့အတိုင်း လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

Mr.Hal Bosher (CEO)
ရိုးမဘဏ်

Workplace ကို ၄ နှစ်ကြာ အသုံးပြုခဲ့တဲ့ ရိုးမဘဏ်အနေနဲ့ လက်ရှိ ဝန်ထမ်း ၃၀ဝ၀ ကျော်နဲ့ ဘဏ်ခွဲတိုင်းမှာ အောင်အောင်မြင်မြင် အသုံးချဆောင်ရွက်နိုင်ခဲ့သလို ၂ နှစ်ကျော်ကြာ အသုံးပြုခဲ့တဲ့ အူရီဒူးမြန်မာအနေနဲ့လည်း အဖွဲ့ တစ်ရာကျော်ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။
ဒါ့အပြင် တယ်လီနော ကုမ္ပဏီအနေနဲ့လည်း မြန်မာအပါအဝင် ကမ္ဘာတစ်ဝှမ်းက ဝန်ထမ်း ၂၅၀ဝ၀ အတွက် Platform တစ်ခုအဖြစ် အသုံးပြုနေတာ ဖြစ်ပါတယ်ရှင်။