မြန်မာကေဘယ်ရုပ်သံသတင်းဌာန အပတ်စဉ်ရုပ်သံမဂ္ဂဇင်း ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၃ ရက် (စနေနေ့ညပိုင်း)

0
271

မြန်မာကေဘယ်ရုပ်သံသတင်းဌာနကနေ စီစဉ်တင်ဆက်နေတဲ့ အပတ်စဉ်အွန်လိုင်းရုပ်သံမဂ္ဂဇင်း ကဏ္ဍမှကြိုဆိုပါတယ်။
# အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဟာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီအတွက် ဖွဲ့စည်းထားတာမဟုတ်ဘူးလို့ မဘသအဖွဲ့က ငြင်းဆိုလိုက်ပါတယ်။
# အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုဖိုင်နဲ့ လူမှုကွန်ရက်ပေါ်က တဆင့် မဲဆန္ဒရှင်ပညာပေး ဟောပြောခဲ့ပါတယ်။
# လေ့လာစောင့်ကြည့်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေထဲက ၆၄ % လောက်မှာ မဲဆန္ဒရှင်ပညာပေးလုပ်ဆောင်တာတွေ မရှိဘူးလို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ PACE အဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
# နည်းပညာနဲ့ ပတ်သက်တဲ့ ဆော့လ်ဝဲတွေ၊ Application တွေကို ပြည်တွင်းက လူငယ်တွေတီထွင်လာကြပေမယ့် သုံးစွဲသူနည်းပါးနေကြပါတယ်။
# တီးခတ်မှုပိုင်ဆိုင်ရာ ဂီတပညာရှင်တွေရဲ့ လုပ်ပိုင်ခွင့်ဆိုင်ရာလိုအပ်ချက်တွေအတွက် သံစဉ်ဂီတပညာရှင်များအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။