We Love Dauk Zaw Public Group ထဲက မန်ဘာနှစ်ဦး ၆၆ ဃ နဲ့ တရားစွဲခံရ
0
125
ဖေ့ဘုတ် အသုံးပြုသူ
We Love Dauk Zaw Public Group ထဲက မန်ဘာနှစ်ဦးကို ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုထားပါတယ်။ ဒီသတင်းကို MCN မန္တလေး သတင်းထောက် ဉာဏ်လင်းထူးကပေးပို့ထားပါတယ်။
facebook လူမှု ကွန်ယက်ထဲက We love dauk Zaw public group ထဲက မန်ဘာ နှစ်ဦးကို အမှတ် ၁၁ ရဲစခန်းမှာ ဝန်ကြီးချုပ်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့အတွက် ဆိုပြီး အမှုဖွင့်လှစ်ထားတာဖြစ်ပါတယ်။
အဲ့ဒီကိစ္စနဲ့ပက်သတ်ပြီး ပုဂ္ဂိုလ်ရေး ကိစ္စဖြစ်တဲ့အတွက် တစ်စုံတစ်ရာ ပြောကြားလိုခြင်းမရှိဘူးလို့ ဒေါက်တာ ဇော်မြင့်မောင်ကပြောပါတယ်။
အင်တာဗျူး ဒေါက်တာဇော်မြင့်မောင် (ဝန်ကြီးချုပ်)
မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့
အဆိုပါ group ထဲက စာသားတွေဖြစ်တဲ့ ပါးချခံရမယ် ချာတိတ်လေး မင်းကိုယ့်ကို စိုးမိုးနိုင်လွန်းတယ် အစ ရှိတဲ့ စကားလုံးတွေဟာ ဝန်ကြီး ချုပ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်ဆိုပြီး ဝန်ကြီး ချုပ်ကိုယ်စား ကိုယ်စားလှယ် တစ်ဦးက အမှု ဖွင့်လှစ် ခဲ့တာပါ။
ပြည်သူနဲ့ သက်ဆိုင်တဲ့ သူတွေဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ဖုန်းတွေထဲမှာသူတို့ရဲ့ပုံတွေ ရှိနေတဲ့အတွက် ဟာသအမြင်နဲ့ တင်ကြတဲ့အပေါ် တရားစွဲဆိုတဲ့အထိ မဖြစ်စေချင်ဘူးလို့ fb အသုံးပြု သူတစ်ဦး ကပြောပါတယ်။
အင်တာဗျူး ကိုစက်ထွန်း
ဖေ့ဘုတ် အသုံးပြုသူ
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း we love kwee phyo ဆိုတဲ့ group ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ ပုံတွေကို ဟာသအမြင်နဲ့ ရေးသားခဲ့ကြပြီး မန်ဘာ နှစ်သိန်းကျော်အထိ ရှိခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။