
0
39






Sound Bite – Lan Bar 


Voice of The Youth Volume 4 Music Album စတင်ဖြန့်ချိ


လူငယ်တွေရဲ့ လွတ်လပ်တဲ့အသံတွေပါဝင်တဲ့ Voice of The Youth Volume.4 Music Album စတင်ဖြန့်ချိခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ MCN သတင်းထောက် သက်နောင်စိုးက ပေးပို့ထားပါတယ်။


လူငယ်တွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ငြိမ်းချမ်းရေးနဲ့ လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို ဂီတကနေတဆင့် ထုတ်ဖော်ပြသတဲ့ Voice of The Youth Volume.4 Music Album ဖြန့်ချိခဲ့ပါတယ်။


စက်တင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ Rose Garden Hotel မှာ Voice of The Youth Album Launch Event မှာ Voice of The Youth Volume.4 Album ဖြန့်ချိတဲ့ အခမ်းအနားပြုလုပ်ခဲ့တာပါ။


Sound Bite – Z Htoo (Music Producer)


ဒါ့အပြင် လွတ်လပ်တဲ့ နိုင်ငံဖြစ်လာတာကြောင့် နောင်မျိုးဆက်သစ်တွေအနေနဲ့လည်း သီချင်းတွေကို လွတ်လပ်စွာရေးသား သီဆိုပြီး ကိုယ်ယုံကြည်ချက်ရှိတဲ့အရာကို ဇွဲမလျော့ဘဲ ဆက်လက်လျှောက်လှမ်းသွားဖို့ Hiphop တေးသံရှင်တစ်ဦးက ပြောပါတယ်။


Sound Bite – Lan Bar


Voice of The Youth Album ကို ၂၀၁၅ ခုနှစ်က စတင်ထုတ်ဝေခဲ့တာဖြစ်ပြီး အခု ၂၀၁၈ ခုနှစ်အတွက် ထုတ်ပေးတဲ့ Voice of The Youth Volume.4 Music Album မှာတော့ လူငယ် ၈ ဦးရဲ့ သီချင်းတွေပါဝင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။