Victoria လေးရဲ့ မိန်းမကိုယ်အင်္ဂါ ယောင်ရမ်းပြီး သွေးစသွေးနတွေ့ရှိဟု အဖွားထွက်ဆို

0
117




● အခင်းဖြစ်ပွားခဲ့တဲ့နေ့က Victoria လေးရဲ့ မိန်းမကိုယ်အင်္ဂါ ယောင်ရမ်းပြီး သွေးစသွေးန တွေ့ရှိခဲ့ရတဲ့အပြင် လျှော်ဖွတ်မီးပူထားပေမယ့် စိုထိုင်းမှုရှိနေတဲ့ ကျောင်းဝတ်စုံကိုလည်း တွေ့ရှိခဲ့ကြောင်း အဖွားဖြစ်သူက သြဂုတ်လ ၂၈ ရက်နေ့ တရားခွင်မှာ ထွက်ဆိုလိုက်ပါတယ်။

● သြဂုတ်လ ၂၈ ရက်နေ့ Victoria အမှု ရုံးချိန်းနဲ့ ပတ်သက်ပြီး လေ့စောင့်ကြည့်နေတဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာ ရှေ့နေကွန်ရက် ဥက္ကဋ္ဌ ဖြစ်သူ ဦအောင်စိုးဦးကို MCN သတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ တရားခွင် ထွက်ဆိုချက်တွေကို ပြန်လည်ပြောကြားလိုက်တာဖြစ်ပါတယ်။