Victoria လေးကို စက်တင်ဘာ ၁၁ ရုံးချိန်းမှာ ကြားနာစစ်ဆေးမယ်

0
75





● အဓမ္မပြုကျင့်ခံရသူ ကာယကံရှင် Victoria လေးကို စက်တင်ဘာလ ၁၁ ရက်နေ့ နေပြည်တော်၊ ဒက္ခိဏခရိုင် တရားရုံးမှာ ကြားနာမယ့် ရုံးချိန်းမှာ စတင်စစ်ဆေးဖို့ ရှိနေပါတယ်။

● ဒီလိုကြားနာ စစ်ဆေးရာမှာ ရုံးတော်အနေနဲ့ ကလေးသူငယ် အခွင့်အရေးတွေကို အထူးအလေးထား ကြားနာစစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ရှေ့နေကွန်ရက်ရဲ့ ဥက္ကဋ္ဌဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးဦးက ပြောပါတယ်။

● ၃ နှစ်နီးပါးအရွယ်သာရှိသေးတဲ့ Victoria လေးကို အမှုနဲ့ပတ်သက်ပြီး ကြားနာစစ်ဆေးနိုင်ဖို့ တရားရုံးနဲ့ ရင်းနှီးအောင် ပြီးခဲ့တဲ့ သတင်းပတ်တွေက ဆောင်ရွက်ခဲ့ပြီးဖြစ်သလို တရားခွင်အတွင်း ဘယ်လိုကြားနာမှု နည်းစနစ်တွေကို အသုံးပြုမယ်ဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။