Victoria အမႈ တတိယ ႐ံုးခ်ိန္းမွာ ဆရာမ ႏွင္းႏုကို ေနာက္တိုးတရားခံအျဖစ္ ေလွ်ာက္ထားမႈ ဆံုးျဖတ္မယ္

0
199

● Victoria အမႈနဲ႔ပတ္သက္ၿပီး ၾသဂုတ္လ ၁ ရက္ (ၾကာသာပေတးေန႔) ေနျပည္ေတာ္ရွိ ဒကိၡဏခရိုင္တရား႐ံုးမွာ တတိယအႀကိမ္အျဖစ္ ရံုးထုတ္ ၾကားနာဖို႔ရွိေနၿပီး ဒီ႐ံုးခ်ိန္းမွာ ဆရာမ ႏွင္းႏုကို ေနာက္တိုးတရားခံအျဖစ္ ထည့္သြင္းေပးဖို႔ တရားလိုရဲ႕ ေလွ်ာက္ထားမႈကို တရား႐ံုးက လက္ခံ၊ မခံ ဆံုးျဖတ္ဖို႔ ရွိေနပါတယ္။

● တရားလိုျဖစ္တဲ့ Victoria ရဲ႕ မိခင္က ဆရာမ ႏွင္းႏုကို ေနာက္တိုးတရားခံအျဖစ္ ထည့္သြင္းေပးဖို႔နဲ႔ အခင္းျဖစ္ပြားခဲ့တဲ့ Wisdom Hill ပုဂၢလိကေက်ာင္းကို Scene Of Crime အေနနဲ႔ စစ္ေဆးခြင့္ ေပးဖို႔စတဲ့ ေလွ်ာက္လႊာ ႏွစ္ေစာင္ကို တင္သြင္းဖို႔ ေဆာင္ရြက္ခဲ့တာျဖစ္ၿပီး အဲ့ဒီေလွ်ာက္လႊာေတြကို လက္ခံ/မခံ တရား႐ံုးက ဆံုးျဖတ္မွာျဖစ္ပါတယ္။

● ဒါ့အျပင္ ၾသဂုတ္လ ၁ ရက္ တတိယအႀကိမ္ ႐ံုးခ်ိန္းမွာပဲ တရားလိုျဖစ္တဲ့ Victoria ရဲ႕ မိခင္ ၿပီးခဲ့တဲ့ တရားခြင္မွာ ထြက္ဆိုခဲ့တာေတြအေပၚကိုလည္း တရားခံအျဖစ္ စြတ္စြဲခံထားသူဘက္က လိုက္ပါတဲ့ ေရွ႕ေနက အျပန္အလွန္ေမးခြန္းေတြကို ေမးျမန္းဖို႔ ရွိေနတာပါ။

● ဒီအေျခအေနနဲ႔ ပတ္သက္ၿပီး အမႈမွန္ေပၚေပါက္ေရး ေလ့လာေစာင့္ၾကည့္ေနတဲ့ တရားေရးအဖြဲ႔အစည္းေတြထဲက ျမန္မာႏိုင္ငံမီဒီယာေရွ႕ေနမ်ားကြန္ရက္ရဲ႕ ဥကၠ႒ တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးေအာင္စိုးဦးကို ဆက္သြယ္ေမးျမန္း တင္ဆက္ေပးထားပါတယ္။

● အျပည္အစံုကိုေတာ့ MCN သတင္းဌာနက အထူးအစီအစဥ္တစ္ရပ္အေနနဲ႔ တင္ဆက္ေပးေနတဲ့ Rule Of Law အစီအစဥ္မွာ ႐ႈ႕စားႏိုင္ၾကမွာျဖစ္ပါတယ္။


● Victoria အမှုနဲ့ပတ်သက်ပြီး သြဂုတ်လ ၁ ရက် (ကြာသာပတေးနေ့) နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရားရုံးမှာ တတိယအကြိမ်အဖြစ် ရုံးထုတ် ကြားနာဖို့ရှိနေပြီး ဒီရုံးချိန်းမှာ ဆရာမ နှင်းနုကို နောက်တိုးတရားခံအဖြစ် ထည့်သွင်းပေးဖို့ တရားလိုရဲ့ လျှောက်ထားမှုကို တရားရုံးက လက်ခံ၊ မခံ ဆုံးဖြတ်ဖို့ ရှိနေပါတယ်။

● တရားလိုဖြစ်တဲ့ Victoria ရဲ့ မိခင်က ဆရာမ နှင်းနုကို နောက်တိုးတရားခံအဖြစ် ထည့်သွင်းပေးဖို့နဲ့ အခင်းဖြစ်ပွားခဲ့တဲ့ Wisdom Hill ပုဂ္ဂလိကကျောင်းကို Scene Of Crime အနေနဲ့ စစ်ဆေးခွင့် ပေးဖို့စတဲ့ လျှောက်လွှာ နှစ်စောင်ကို တင်သွင်းဖို့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး အဲ့ဒီလျှောက်လွှာတွေကို လက်ခံ/မခံ တရားရုံးက ဆုံးဖြတ်မှာဖြစ်ပါတယ်။

● ဒါ့အပြင် သြဂုတ်လ ၁ ရက် တတိယအကြိမ် ရုံးချိန်းမှာပဲ တရားလိုဖြစ်တဲ့ Victoria ရဲ့ မိခင် ပြီးခဲ့တဲ့ တရားခွင်မှာ ထွက်ဆိုခဲ့တာတွေအပေါ်ကိုလည်း တရားခံအဖြစ် စွတ်စွဲခံထားသူဘက်က လိုက်ပါတဲ့ ရှေ့နေက အပြန်အလှန်မေးခွန်းတွေကို မေးမြန်းဖို့ ရှိနေတာပါ။

● ဒီအခြေအနေနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေး လေ့လာစောင့်ကြည့်နေတဲ့ တရားရေးအဖွဲ့အစည်းတွေထဲက မြန်မာနိုင်ငံမီဒီယာရှေ့နေများကွန်ရက်ရဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်စိုးဦးကို ဆက်သွယ်မေးမြန်း တင်ဆက်ပေးထားပါတယ်။

● အပြည်အစုံကိုတော့ MCN သတင်းဌာနက အထူးအစီအစဉ်တစ်ရပ်အနေနဲ့ တင်ဆက်ပေးနေတဲ့ Rule Of Law အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။