Victoria အမှုနဲ့ပတ်သက်ရင် အမှုမှန် ဖော်ထုတ်သူတွေအဖြစ်သာ Facebook ကသူတွေကို သူရဲကောင်းဖြစ်စေချင်တယ်

0
129





● Victoria အမှုနဲ့ပတ်သက်ရင် အမှုမှန်ပေါ်ပေါက်ရေးနဲ့ အမှန်တရားကို ဖော်ထုတ်သူတွေအဖြစ်သာ Facebook ပေါ်ကသူတွေကို သူရဲကောင်းဖြစ်ကြစေချင်တယ်လို့ အမှုမှန်ပေါ်ပေါက်ရေး လေ့လာစောင့်ကြည့်နေတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်စိုးဦးက ပြောကြားလိုက်ပါတယ်။

● သြဂုတ်လ ၁ ရက် (ကြာသာပတေးနေ့) နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရားရုံးမှာ တတိယအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးမှုနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ ရှေ့နေအသင်းအဖွဲ့တွေ လေ့လာစောင့်ကြည့်မှုပြုလုပ်နေတဲ့ထဲက မြန်မာနိုင်ငံမီဒီယာရှေ့နေများကွန်ရက်ရဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်စိုးဦးကို ဆက်သွယ်မေးမြန်းရာမှာ အဲ့ဒီလိုပြောကြားလိုက်တာပါ။

● အပြည်အစုံကိုတော့ MCN သတင်းဌာနက အထူးအစီအစဉ်တစ်ရပ်အနေနဲ့ တင်ဆက်ပေးနေတဲ့ Rule Of Law အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။