Victoria အမှုမှာ အောင်ကြီး ပြစ်မှု မကျူးလွန်ကြောင်း Wisdom Hill ကျောင်းအသိုင်းအဝိုင်း ယုံကြည်ဟုဆို

0
181

■ Victoria အမှုမှာ တရားခံအဖြစ် စွတ်စွဲခံထားရသူ အောင်ကြီး ပြစ်မှုမကျူးလွန်ကြောင်း Wisdom Hill ကျောင်း အသိုင်းအဝိုင်းကိုယ်တိုင်က ယုံကြည်နေပြီး အောင်ကြီးဘက်က ထောက်ခံထွက်ဆိုခဲ့တယ်လို့ အမှုကို လေ့လာစောင့်ကြည့်မှု ပြုနေတဲ့ တရားလွှတ်တော် ရှေ့နေကြီး ဦးအောင်စိုးဦးက ပြောပါတယ်။

■ အောက်တိုဘာလ ၈ ရက်နေ့ Victoria အမှု ရုံးချိန်းမှာ Wisdom Hill ကျောင်းရဲ့ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ ခင်ပွန်း ရဲအုပ် ရန်နောင်စိုး သက်သေအဖြစ် ထွက်ဆိုချက်တွေအပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာ ရှေ့နေကွန်ယက်ရဲ့ ဥက္ကဌ တရားလွှတ်တော် ရှေ့နေကြီး ဦးအောင်စိုးဦးက ပြောကြားလိုက်တာပါ။

■ အပြည့်အစုံကို MCN သတင်းဌာနရဲ့ တရားဉပဒေစိုးမိုးရေးဆိုင်ရာ အစီအစဉ်မှာ ရှုစားနိုင်ကြမှာ ဖြစ်ပါတယ်။



