USAID က ျမန္မာႏိုင္ငံအတြက္ တစ္ႏွစ္ကို ေဒၚလာ ၃၂ သန္းေက်ာ္ သံုးစြဲ

0
66

ျမန္မာႏုိင္ငံအတြင္း က်န္းမာေရး အစီအစဥ္ေတြအတြက္ အေမရိကန္ ႏုိင္ငံတကာ ဖြ႔ံၿဖိဳးေရး ေအဂ်င္စီ (USAID) က ၂၀၁၂ ခုႏွစ္ကစၿပီး တစ္ႏွစ္ကုိ အေမရိကန္ ေဒၚလာ ၃၂ သန္းေက်ာ္ ရင္းႏွီးသုံးစြဲေနတယ္လို႔ USAID ရဲ႕ ျမန္မာႏိုင္ငံမွာ ငါးႏွစ္တာအတြင္း ေဆးဘက္ဆိုင္ရာ အရည္အေသြး တိုးတက္မႈ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အဲဒီလုိ ရင္းႏွီးသုံးစြဲမႈေတြကေန ျမန္မာႏုိင္ငံ ေအာင္ျမင္မႈကုိ အေထာက္အကူ ျဖစ္ေစခဲ့တဲ့အတြက္ စိတ္အားတက္ရေၾကာင္း၊ ျမန္မာႏုိင္ငံအတြင္း ငွက္ဖ်ားေရာဂါ တုိက္ဖ်က္ေရးအတြက္ UAAID ရဲ႕ ဘုံရည္မွန္းခ်က္ေတြ ေအာင္ျမင္ဖုိ႔နဲ႔ ႏုိင္ငံအတြင္းက ျပည္သူေတြ အားလုံးအတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ လက္လွမ္းမီ ရရွိေရး ပုိမုိတုိးျမွင့္ ေဆာင္ရြက္ဖုိ႔ ဆက္လက္ၿပီး လက္တြဲေဆာင္ရြက္သြားဖုိ႔ ေမွ်ာ္လင့္ေၾကာင္း USAID ရဲ႕ ဌာေနညႊန္ၾကားေရးမွဴး ထရီဆာ မက္ဂီက ေျပာပါတယ္။

USAID ဟာ ၂၀၁၆ ခုႏွစ္မွာ အမ်ဳိးသား ေဆးဝါး ဓာတုေဗဒ ဓာတ္ခြဲဌာန (National Pharmaceutical Chemistry Laboratory) က တိက်တဲ့ ဓာတ္ခြဲခန္းအေျဖေတြနဲ႔ အခ်က္အလက္ေတြကုိ ထုတ္ျပန္ေပးႏုိင္ခြင့္ရွိတဲ့ ISO 17025 အသိအမွတ္ျပဳ လက္မွတ္ရရွိေရးအတြက္ ကူညီခဲ့ေပးခဲ့ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

USAID က မြန်မာနိုင်ငံအတွက် တစ်နှစ်ကို ဒေါ်လာ ၃၂ သန်းကျော် သုံးစွဲ


မြန်မာနိုင်ငံအတွင်း ကျန်းမာရေး အစီအစဉ်တွေအတွက် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) က ၂၀၁၂ ခုနှစ်ကစပြီး တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၃၂ သန်းကျော် ရင်းနှီးသုံးစွဲနေတယ်လို့ USAID ရဲ့ မြန်မာနိုင်ငံမှာ ငါးနှစ်တာအတွင်း ဆေးဘက်ဆိုင်ရာ အရည်အသွေး တိုးတက်မှု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အဲဒီလို ရင်းနှီးသုံးစွဲမှုတွေကနေ မြန်မာနိုင်ငံ အောင်မြင်မှုကို အထောက်အကူ ဖြစ်စေခဲ့တဲ့အတွက် စိတ်အားတက်ရကြောင်း၊ မြန်မာနိုင်ငံအတွင်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် UAAID ရဲ့ ဘုံရည်မှန်းချက်တွေ အောင်မြင်ဖို့နဲ့ နိုင်ငံအတွင်းက ပြည်သူတွေ အားလုံးအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ လက်လှမ်းမီ ရရှိရေး ပိုမိုတိုးမြှင့် ဆောင်ရွက်ဖို့ ဆက်လက်ပြီး လက်တွဲဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်း USAID ရဲ့ ဌာနေညွှန်ကြားရေးမှူး ထရီဆာ မက်ဂီက ပြောပါတယ်။


USAID ဟာ ၂၀၁၆ ခုနှစ်မှာ အမျိုးသား ဆေးဝါး ဓာတုဗေဒ ဓာတ်ခွဲဌာန (National Pharmaceutical Chemistry Laboratory) က တိကျတဲ့ ဓာတ်ခွဲခန်းအဖြေတွေနဲ့ အချက်အလက်တွေကို ထုတ်ပြန်ပေးနိုင်ခွင့်ရှိတဲ့ ISO 17025 အသိအမှတ်ပြု လက်မှတ်ရရှိရေးအတွက် ကူညီခဲ့ပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။