နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဟာ မြန်မာစီးပွားရေးအလားလာ နဲ့ ပတ်သက်ပြီး အကောင်းမြင်မှု တွေရှိနေကာ မြန်မာစီးပွားရေး ပြန်လည်တိုးတက်လာမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
……………………. ။ ။ ………………………
မြန်မာ စီးပွားရေး တိုးတက်ကောင်းမွန်မှုရှိမယ်လို့ IMF သတင်းထုတ်ပြန်
နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF) ဟာ မြန်မာစီးပွားရေးအလားလာ နဲ့ ပတ်သက်ပြီး အကောင်းမြင်မှု တွေရှိနေကာ မြန်မာစီးပွားရေး ပြန်လည်တိုးတက်လာမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့က လက်ရှိဘဏ္ဍနှစ်အတွင်း မြန်မာစီးပွားရေး မှာ ၆ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာမယ့် ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံကို သွားရောက်လေ့လာခဲ့တဲ့ ရှာနာကာပီရက်ဇ် ဦးဆောင်တဲ့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့က မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး နဲ့ ပြည်ပပို့ကုန်ပိုင်း ပြန်လည်ကောင်းမွန်လာမှုနဲ့အတူ မိုက်ခရိုစီးပွားရေး တည်ငြိမ်မှုတွေရှိလာတယ်လို့ သတင်းထုတ်ပြန် ခဲ့ပါတယ်။
ရှာနာကာပီရက်ဇ်ဦးဆောင်ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ပထမနှစ်အတွင်း စိန်ခေါ်မှုတွေရှိခဲ့ပေမယ့် တိုးတက်ကောင်းမွန်မှုတွေ ရှိနေဆဲဖြစ်ကြောင်း၊ ငွေကြေးဖောင်းပွမှု နဲ့ ရင်းနှီးမြှပ်နှံမှု ကဏ္ဍတွေလည်း ကောင်းမွန်မှုရှိနေတယ်လို့ ဖော်ပြထားပါတယ်။
adv_banner