၂၀၁၉ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို အသုတ် လေးသုတ်ခွဲပြီး ကောက်ယူမယ်

0
22

Unicode Version

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို အသုတ် လေးသုတ်ခွဲပြီး ကောက်ယူ သွားမှာ ဖြစ်ပါတယ်။

အဲဒီလို ကောက်ယူရာမှာလည်း အရင် ၂၀၁၄ ခုနှစ်က မေးခွန်းပုံစံစာရွက်နဲ့ ကောက်ယူခြင်းမျိုး မဟုတ်ဘဲ မိုဘိုင်း တက်ဘလက် (Mobile Tablet) ကို အသုံးပြုကာ ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်း မေးမြန်းကောက်ယူတဲ့စနစ် (Computer-Assisted Personal Interviewing – CAPI) စနစ်နဲ့ ကောက်ယူသွားမှာ ဖြစ်ပါတယ်။

အခုလက်ရှိမှာ ပထမအသုတ်အဖြစ် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ နေပြည်တော်ကောင်စီ နယ်မြေတို့မှာ နိုဝင်ဘာလ ၁၈ ရက်ကနေ ဒီဇင်ဘာလ ၁ ရက်အထိ ၁၄ ရက်ကြာ ကောက်ယူသွားမှာ ဖြစ်ပါတယ်။ နေပြည်တော်ကောင်စီ နယ်မြေမှာလည်း ကောက်ကွက်ပေါင်း ၁၁၄ ကွက် ကောက်ယူမှာ ဖြစ်ပြီး ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်းကို မေးခွန်းပေါင်း ၁၁၀ မေးမြန်းကောက်ယူလျက်ရှိပါတယ်။

Zawgyi Version