Weekly Youth Program
0
275
မင်္ဂလာပါခင်ဗျာ။ မြန်မာ့ရုပ်မြင်သံကြား MRTV က အပတ်စဉ် စီစဉ်တင်ဆက်ပေးနေတဲ့ လူငယ်အစီအစဉ် ကြိုဆို လိုက်ပါတယ်ခင်ဗျ။ ဒီသတင်းပတ်ရဲ့ လူငယ်အစီအစဉ်မှာတော့…
■ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေတဲ့သတင်း
■ လူငယ်တွေ ဒစ်ဂျစ်တယ်နည်းပညာအသုံးချပြီး ကမ္ဘာ့ကို ရင်ဘောင်တန်းနိုင်အောင် ကြိုးစားဖို့ တေးသံရှင်း စိုင်းစိုင်းခမ်းလှိုင်က တိုက်တွန်းလိုက်တဲ့အကြောင်း
■ အမျိုးသမီးနဲ့ အမျိုးသား တန်းတူအခွင့်ရေးတွေ ရရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုက ရှေ့ကိုရောက်မယ်လို့ Pen Myanmar အဖွဲ့က ပြောဆိုလိုက်တဲ့သတင်း
စတဲ့ လူငယ့်ရေးရာ ရုပ်/သံ သတင်းပေးပို့မှုတွေနဲ့အတူ စွန့်ပစ်ခံထားရတဲ့ကလေးတွေနဲ့ မိဘမဲ့ တိုင်းရင်းသား ကလးတွေကို ကျွေးမွေးစောင့်ရှောက် ပညာသင်ကြားပေးနေတဲ့ သန်လျင် ဆုတောင်းပြည့် တိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေးကျောင်း ရဲ့ အကြောင်း ရုပ်သံမှတ်တမ်း အစီအစဉ်ကိုလည်း ရှု့စားကြအုန်းမှာ ဖြစ်ပါတယ်ခင်ဗျ။