အိန္ဒိယမှာ ဘတ်စ်ကားနဲ့ ထရပ်ကားတို့ တိုက်မိ၊ ၁၁ ဦးသေ

0
23
devices -->

အိန္ဒိယနိုင်ငံ အနောက်ပိုင်းပြည်နယ်ဖြစ်တဲ့ ရာဂျက်စသန်မှာ ခရီးသည်တင် ဘတ်စ်ကားတစ်စီးနဲ့ ထရပ်ကားတစ်စီးတို့ တိုက်မိမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ကာ တခြား လူ ၂၀ ဒဏ်ရာရရှိခဲ့ပါတယ်။

ယာဉ်တိုက်မှုဟာ ရာဂျက်စသန်ပြည်နယ် မြို့တော် ဂျိုင်ပူရ်ရဲ့ အနောက်မြောက်ဘက် ၂၆၆ ကီလိုမီတာအကွာ ဘီကာနာခရိုင်အနီး ဒီနေ့ နိုဝင်ဘာလ ၁၈ ရက် မနက်ခင်း အစောပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။ ဒေသခံ ရဲတပ်ဖွဲ့က ယာဉ်တိုက်မှုကို မှတ်တမ်းတင်ပြီး ယာဉ်တိုက်မှုဖြစ်ရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးရုံတွေကို ပို့ဆောင်ပေးထားကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူ အချို့ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


အိန္ဒိယမှာ ဘတ်စ်ကားနဲ့ ထရပ်ကားတို့ တိုက်မိ၊ ၁၁ ဦးသေ

အိန္ဒိယနိုင်ငံ အနောက်ပိုင်းပြည်နယ်ဖြစ်တဲ့ ရာဂျက်စသန်မှာ ခရီးသည်တင် ဘတ်စ်ကားတစ်စီးနဲ့ ထရပ်ကားတစ်စီးတို့ တိုက်မိမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ကာ တခြား လူ ၂၀ ဒဏ်ရာရရှိခဲ့ပါတယ်။

ယာဉ်တိုက်မှုဟာ ရာဂျက်စသန်ပြည်နယ် မြို့တော် ဂျိုင်ပူရ်ရဲ့ အနောက်မြောက်ဘက် ၂၆၆ ကီလိုမီတာအကွာ ဘီကာနာခရိုင်အနီး ဒီနေ့ နိုဝင်ဘာလ ၁၈ ရက် မနက်ခင်း အစောပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။ ဒေသခံ ရဲတပ်ဖွဲ့က ယာဉ်တိုက်မှုကို မှတ်တမ်းတင်ပြီး ယာဉ်တိုက်မှုဖြစ်ရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးရုံတွေကို ပို့ဆောင်ပေးထားကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူ အချို့ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အိန္ဒိယမှာ ပြင်းထန်တဲ့ ယာဉ်တိုက်မှုတွေက မကြာခဏ ဖြစ်ပွားနေတာဖြစ်ပြီး အများစုက ဝန်ပိုတင်ဆောင်မှု၊ လမ်းတွေဆိုးရွားမှုနဲ့ အဆင်ခြင်မဲ့ မောင်းနှင်မှုတို့ကြောင့် ဖြစ်ပါတယ်။