နယူးဇီလန် မီးတောင်ပေါက်ကွဲမှုမှာ ပျောက်ဆုံးတဲ့ နှစ်ဦးကို ရှာမတွေ့သေး

0
14

နယူးဇီလန်နိုင်ငံက ဝှိုက်အိုင်လန်ကျွန်း မီးတောင်ပေါက်ကွဲမှုမှာ ပျောက်ဆုံးနေသူတွေထဲက နှစ်ဦးရဲ့ အမည်ကို အတည်ပြုနိုင်ပေမယ့် အခုထိတော့ ရှာမတွေ့သေးကြောင်း နယူးဇီလန် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

နယူးဇီလန်မှာ ဒီဇင်ဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုကြောင့် လူ ၁၈ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့သူတွေထဲမှာ ၁၂ ဦးက သြစတြေးလျ နိုင်ငံသားတွေ ဖြစ်ပြီး တခြားသုံးဦးက သြစတြေးလျမှာနေတဲ့ အမေရိကန်နိုင်ငံသားတွေပဲ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ နောက်ထပ် သေဆုံးသူ သုံးဦးဟာ သြစတြေးလျနိုင်ငံသားတွေဖြစ်တဲ့ ရစ်ချက် အယ်လ်ဇာ (၃၂ နှစ်) နဲ့ ဂျူလီ ရစ်ချက်စ် (၄၇ နှစ်) တို့ဖြစ်ပြီး နောက်တစ်ဦးက ဆစ်ဒနီမြို့မှာ နေထိုင်တဲ့ အမေရိကန်နိုင်ငံသား ဘာဘရာ ဟော်လန်ဒါ (၄၉ နှစ်) တို့ဖြစ်ကြပါတယ်။

ပှောကဆွုံးနသေူတှဟော သှစတှေးလှ နိုငငွံသား ဆယကွှောသွကတွဈဦးနဲ့ နယူးဇီလနနွိုငငွံသား လမွးပှတဈဦးဖှဈကှောငွး၊ သူတို့နှဈဦး သဆေုံးပှီလို့ ယူဆရပမယေ့ွ သူတို့ အလောငွးတှကေို ရှာမတှေ့သေးကှောငွး နယူးဇီလနရွဲတပဖွှဲ့က ဒီနေ့ ဒီဇငဘွာလ ၁၇ ရကအွငွဂြါနေ့မှာ ထုတပွှနလွိုကတွာပါ။ ပှောကဆွုံးနသေူနှဈဦးက သှစတှေးလနှိုငငွံသား ဝငနွိုနာ လငဖွို့ဒွ( ၁၇ နှဈ) ဖှဈပှီး အသကွ ၄၀ အရှယွ လမွးပှဖှဈသူ နယူးဇီလနနွိုငငွံသား ဟဒနွေ မာရှယအွငမွနွး ဖှဈပါတယွ။ သူတို့နှဈယောကရွဲ့ အလောငွးတှကေိုတော့ ဝှိုကအွိုငလွနကွှှနွးတဈဝိုကကွ ရအေောကထွဲမှာ ရှိမယလွို့ ခန့မွှနွးထားကှပါတယွ။

A man looks at a memorial at the harbour in Whakatane, following the White Island volcano eruption in New Zealand, December 11, 2019. REUTERS/Jorge Silva

နယူးဇီလနြ မီးတောငပြေါကကြှဲမှုမှာ ပွောကဆြုံးတဲ့ နှဈဦးကို ရှာမတှေ့သေး

နယူးဇီလန်နိုင်ငံက ဝှိုက်အိုင်လန်ကျွန်း မီးတောင်ပေါက်ကွဲမှုမှာ ပျောက်ဆုံးနေသူတွေထဲက နှစ်ဦးရဲ့ အမည်ကို အတည်ပြုနိုင်ပေမယ့် အခုထိတော့ ရှာမတွေ့သေးကြောင်း နယူးဇီလန် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

နယူးဇီလန်မှာ ဒီဇင်ဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုကြောင့် လူ ၁၈ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့သူတွေထဲမှာ ၁၂ ဦးက သြစတြေးလျ နိုင်ငံသားတွေ ဖြစ်ပြီး တခြားသုံးဦးက သြစတြေးလျမှာနေတဲ့ အမေရိကန်နိုင်ငံသားတွေပဲ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ နောက်ထပ် သေဆုံးသူ သုံးဦးဟာ သြစတြေးလျနိုင်ငံသားတွေဖြစ်တဲ့ ရစ်ချက် အယ်လ်ဇာ (၃၂ နှစ်) နဲ့ ဂျူလီ ရစ်ချက်စ် (၄၇ နှစ်) တို့ဖြစ်ပြီး နောက်တစ်ဦးက ဆစ်ဒနီမြို့မှာ နေထိုင်တဲ့ အမေရိကန်နိုင်ငံသား  ဘာဘရာ ဟော်လန်ဒါ (၄၉ နှစ်) တို့ဖြစ်ကြပါတယ်။

ပျောက်ဆုံးနေသူတွေဟာ သြစတြေးလျ နိုင်ငံသား ဆယ်ကျော်သက်တစ်ဦးနဲ့ နယူးဇီလန်နိုင်ငံသား လမ်းပြတစ်ဦးဖြစ်ကြောင်း၊ သူတို့နှစ်ဦး သေဆုံးပြီလို့ ယူဆရပေမယ့် သူတို့ အလောင်းတွေကို ရှာမတွေ့သေးကြောင်း နယူးဇီလန်ရဲတပ်ဖွဲ့က ဒီနေ့ ဒီဇင်ဘာလ ၁၇ ရက်အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်တာပါ။ ပျောက်ဆုံးနေသူနှစ်ဦးက သြစတြေးလျနိုင်ငံသား ဝင်နိုနာ လင်ဖို့ဒ်( ၁၇ နှစ်) ဖြစ်ပြီး အသက် ၄၀ အရွယ် လမ်းပြဖြစ်သူ နယူးဇီလန်နိုင်ငံသား ဟေဒန် မာရှယ်အင်မန်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အလောင်းတွေကိုတော့ ဝှိုက်အိုင်လန်ကျွန်းတစ်ဝိုက်က ရေအောက်ထဲမှာ ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။