နာမည္ေက်ာ္ အေမရိကန္ သိပၸံပညာရွင္ ဒုတိယ ကမာၻစစ္ ဗံုးခိုက်င္းထဲမွာ ေသဆံုးေန

0
53

နာမည္ေက်ာ္ အေမရိကန္ သိပၸံပညာရွင္တစ္ဦးကို ေျမထဲပင္လယ္တြင္းမွာရွိတဲ့ ခရိကြ်န္းေပၚရွိ ဒုတိယ ကမာၻစစ္ ဗံုးခိုက်င္းထဲမွာ ေသဆံုးေနတာ ေတြ႔ရၿပီး အသတ္ခံရတာ ျဖစ္ႏုိင္ေၾကာင္း ရဲေတြက ေျပာပါတယ္။

ဂ်ာမနီႏိုင္ငံ၊ ဒရက္စ္ဒင္ၿမိဳ႕ရွိ မက္စ္ပလန္႔ အင္စတီက်ဳမွာ အလုပ္လုပ္ေနတဲ့ ေမာ္လီက်ဴး ဇီဝေဗဒပညာရွင္ ဆူဇန္နီ အီတန္ဟာ ဇူလိုင္လ ၂ ရက္ေန႔ကတည္းက ေပ်ာက္ဆံုးသြားၿပီး ဇူလိုင္လ ၈ ရက္ေန႔မွာ အခုလို ေသဆံုးလ်က္ ေတြ႔ရွိခဲ့တာပါ။ ဆူဇန္နီ အီတန္ဟာ အင္းဆက္ ေဟာ္မုန္းဆိုင္ရာ သိပၸံညီလာခံကို တက္ေရာက္ဖို႔ ခရိကြ်န္းကို ေရာက္ရွိေနတာပါ။

မစၥ အီတန္ဟာ အေျပးေလ့က်င့္ခန္း လုပ္ဖို႔ ထြက္သြားစဥ္ ေပ်ာက္ဆံုးခဲ့လို႔ အာဏာပိုင္ေတြက ခရိကြ်န္း အေနာက္ဖ်ားရွိ ခ်ာနီရာၿမိဳ႕အထိ ရွာေဖြခဲ့ၾကပါတယ္။ အသက္ ၅၉ ႏွစ္အရြယ္ မစၥ အီတန္ ေသဆံုးမႈကို စစ္ေဆးဖို႔ ဂရိႏိုင္ငံ၊ ေအသင္ၿမိဳ႕က စံုေထာက္ေတြ ကြ်န္းကို သြားေရာက္ေနပါတယ္။  

နာမည်ကျော် အမေရိကန် သိပ္ပံပညာရှင် ဒုတိယ ကမ္ဘာစစ် ဗုံးခိုကျင်းထဲမှာ သေဆုံးနေ


နာမည်ကျော် အမေရိကန် သိပ္ပံပညာရှင်တစ်ဦးကို မြေထဲပင်လယ်တွင်းမှာရှိတဲ့ ခရိကျွန်းပေါ်ရှိ ဒုတိယ ကမ္ဘာစစ် ဗုံးခိုကျင်းထဲမှာ သေဆုံးနေတာ တွေ့ရပြီး အသတ်ခံရတာ ဖြစ်နိုင်ကြောင်း ရဲတွေက ပြောပါတယ်။


ဂျာမနီနိုင်ငံ၊ ဒရက်စ်ဒင်မြို့ရှိ မက်စ်ပလန့် အင်စတီကျုမှာ အလုပ်လုပ်နေတဲ့ မော်လီကျူး ဇီဝဗေဒပညာရှင် ဆူဇန်နီ အီတန်ဟာ ဇူလိုင်လ ၂ ရက်နေ့ကတည်းက ပျောက်ဆုံးသွားပြီး ဇူလိုင်လ ၈ ရက်နေ့မှာ အခုလို သေဆုံးလျက် တွေ့ရှိခဲ့တာပါ။ ဆူဇန်နီ အီတန်ဟာ အင်းဆက် ဟော်မုန်းဆိုင်ရာ သိပ္ပံညီလာခံကို တက်ရောက်ဖို့ ခရိကျွန်းကို ရောက်ရှိနေတာပါ။


မစ္စ အီတန်ဟာ အပြေးလေ့ကျင့်ခန်း လုပ်ဖို့ ထွက်သွားစဉ် ပျောက်ဆုံးခဲ့လို့ အာဏာပိုင်တွေက ခရိကျွန်း အနောက်ဖျားရှိ ချာနီရာမြို့အထိ ရှာဖွေခဲ့ကြပါတယ်။ အသက် ၅၉ နှစ်အရွယ် မစ္စ အီတန် သေဆုံးမှုကို စစ်ဆေးဖို့ ဂရိနိုင်ငံ၊ အေသင်မြို့က စုံထောက်တွေ ကျွန်းကို သွားရောက်နေပါတယ်။