တ႐ုတ္လုပ္ ဒ႐ုန္းေတြကို အေမရိကန္ သတိေပး

0
326


တ႐ုတ္လုပ္ ဒ႐ုန္းေတြဟာ အသုံးျပဳေတြရဲ႕ သတင္းအခ်က္အလက္ေတြကို အင္တာနက္က တစ္ဆင့္ တ႐ုတ္အစိုးရထံကို ေပးပို႔ႏိုင္ေၾကာင္း အေမရိကန္ျပည္ေထာင္စု ျပည္တြင္း လုံျခဳံေရး ဝန္ႀကီးဌာနက သုံးစြဲသူေတြကို သတိေပးလိုက္ပါတယ္။

တ႐ုတ္လုပ္ ဒ႐ုန္းေတြဟာ အဖြဲ႕အစည္းတစ္ခုရဲ့ သတင္းအခ်က္အလက္ ေတြအတြက္ အႏၲရာယ္ အလားအလာတစ္ခု ျဖစ္တယ္လို႔ ဆိုတဲ့ သတိေပးခ်က္ကို အဲဒီ ဝန္ႀကီးဌာနက သတင္း ထုတ္ျပန္ခဲ့ပါတယ္။

ဒီ သတိေပးခ်က္မွာ အေမရိကန္ေဒတာေတြကို ရယူၿပီး အခ်ဳပ္အျခာ အာဏာပိုင္ ႏိုင္ငံတစ္နိုင္ငံရဲ႕ ပိုင္နက္ထဲကို ပို႔ေပးတဲ့ ဘယ္လို နည္းပညာထုတ္ကုန္နဲ႔ ပတ္သက္ၿပီးျဖစ္ျဖစ္ အေမရိကန္ အစိုးရအေနနဲ႔ အလြန္ စိုးရိမ္တယ္လို႔ ပါရွိပါတယ္။

သူလၽွိုလုပ္မႈနဲ႔ သတင္းခိုးယူမႈ အႏၲရာယ္ ပိုႀကီးမားနိုင္တာေၾကာင့္ အထူးသျဖင့္ နိုင္ငံရဲ႕ လုံၿခဳံေရး ဒါမွမဟုတ္ နိုင္ငံအတြက္ အေရးပါတဲ့ လုပ္ငန္းေဆာင္တာေတြအေပၚ သက္ေရာက္မႈရွိတဲ့ လုပ္ငန္းေတြကို လုပ္ေဆာင္ေနတဲ့ အဖြဲ႕အစည္းေတြ သတိဝီရိယရွိရွိနဲ႔ ေရွာင္ရွားၾကဖို႔ အဲဒီ သတိေပးခ်က္မွာ တိုက္တြန္းထားပါတယ္။ သုံးစြဲသူေတြ အေနနဲ႔ အဲဒီ ဒ႐ုန္းေတြမွာရွိတဲ့ အင္တာနက္နဲ႔ ဆက္သြယ္တဲ့ အစိတ္အပိုင္းေတြရဲ႕ ခလုတ္ကို ပိတ္တာနဲ႔ SD ကတ္ျပားေတြကို ဖယ္ရွားတာစတဲ့ သင့္ေတာ္တဲ့ ႀကိဳတင္ကာကြယ္မႈေတြ လုပ္ေဆာင္ၾကဖို႔လည္း ေဆာ္ဩထားပါတယ္။

တရုတ်လုပ် ဒရုန်းတွေကို အမေရိကန် သတိပေး

တရုတ်လုပ် ဒရုန်းတွေဟာ အသုံးပြုတွေရဲ့ သတင်းအချက်အလက်တွေကို အင်တာနက်က တစ်ဆင့် တရုတ်အစိုးရထံကို ပေးပို့နိုင်ကြောင်း အမေရိကန်ပြည်ထောင်စု ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာနက သုံးစွဲသူတွေကို သတိပေးလိုက်ပါတယ်။

တရုတ်လုပ် ဒရုန်းတွေဟာ အဖွဲ့အစည်းတစ်ခုရဲ့ သတင်းအချက်အလက် တွေအတွက် အန္တရာယ် အလားအလာတစ်ခု ဖြစ်တယ်လို့ ဆိုတဲ့ သတိပေးချက်ကို အဲဒီ ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီ သတိပေးချက်မှာ အမေရိကန်ဒေတာတွေကို ရယူပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံရဲ့ ပိုင်နက်ထဲကို ပို့ပေးတဲ့ ဘယ်လို နည်းပညာထုတ်ကုန်နဲ့ ပတ်သက်ပြီးဖြစ်ဖြစ် အမေရိကန် အစိုးရအနေနဲ့ အလွန် စိုးရိမ်တယ်လို့ ပါရှိပါတယ်။

သူလျှိုလုပ်မှုနဲ့ သတင်းခိုးယူမှု အန္တရာယ် ပိုကြီးမားနိုင်တာကြောင့် အထူးသဖြင့် နိုင်ငံရဲ့ လုံခြုံရေး ဒါမှမဟုတ် နိုင်ငံအတွက် အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေအပေါ် သက်ရောက်မှုရှိတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ သတိဝီရိယရှိရှိနဲ့ ရှောင်ရှားကြဖို့ အဲဒီ သတိပေးချက်မှာ တိုက်တွန်းထားပါတယ်။ သုံးစွဲသူတွေ အနေနဲ့ အဲဒီ ဒရုန်းတွေမှာရှိတဲ့ အင်တာနက်နဲ့ ဆက်သွယ်တဲ့ အစိတ်အပိုင်းတွေရဲ့ ခလုတ်ကို ပိတ်တာနဲ့ SD ကတ်ပြားတွေကို ဖယ်ရှားတာစတဲ့ သင့်တော်တဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ကြဖို့လည်း ဆော်ဩထားပါတယ်။