
0
97




နည်းပြ ဂွါဒီယိုလာကို မန်စီးတီးက ပေါင်သန်း ၁၀ဝ တန် ၅ နှစ် စာချုပ် ကမ်းလှမ်းဖို့ စီစဉ်နေ

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းက လက်ရှိနည်းပြ ဂွါဒီယိုလာကို ပေါင်သန်း ၁၀ဝ တန်ဖိုးရှိတဲ့ ၅ နှစ် စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းချုပ်ဆိုဖို့ စီစဉ်နပေါတယ်။

ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ် နည်းပြဟောင်း ဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို ၃ နှစ်ကြာ ကိုင်တွယ်ခဲ့ရာမှာ ၂ နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးပေးခဲ့သလို တစ်ရာသီတည်းမှာ ပြည်တွင်းဆုဖလား ၃ လုံးဆွတ်ခူးနိုင်တဲ့ ပထမဆုံး အင်္ဂလိပ်အသင်းဖြစ်အောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် မန်စီးတီး တာဝန်ရှိသူတွေက ဂွါဒီယိုလာကို စာချုပ်သစ်နဲ့ ဆက်ထိန်းထားဖို့ စီစဉ်နေပြီး လုပ်ခလစာကိုလည်း မက်လောက်စရာ တိုးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ နည်းပြဘဝ မှတ်တမ်းတွေအရ ဂွါဒီယိုလာဟာ အသင်းတစ်သင်းကို ၄ နှစ်ထက်ပိုပြီး ကိုင်တွယ်ခဲ့ခြင်း မရှိတာကိုလည်း တွေ့ရပါတယ်။