Weekly Youth Program
0
113
မင်္ဂလာပါခင်ဗျာ။ မြန်မာ့ရုပ်မြင်သံကြား MRTV က အပတ်စဉ် စီစဉ်တင်ဆက်ပေးနေတဲ့ လူငယ်အစီအစဉ် ကြိုဆို လိုက်ပါတယ်ခင်ဗျ။ ဒီသတင်းပတ်ရဲ့ လူငယ်အစီအစဉ်မှာတော့
■ လူငယ်တွေကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေနဲ့ အစိုးရစီမံကိန်းတွေမှာ ပါဝင် ဆောင်ရွက်နိုင်ဖို့ လုပ်ငန်းစီမံချက်တွေ ချမှတ်ထားတဲ့သတင်း
■ Innovation Centre ကနေ တစ်နှစ်ကို လူငယ် ၆၀ မွေးထုတ်ပေးသွားမယ့်အပြင် စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ဆောင်ကိုင်နိုင်အောင် ဆောင်ရွက်သွားမယ့်အကြောင်း
■ လူငယ်စင်တာတွေ ပေါ်ထွန်းလာဖို့ သက်ဆိုင်ရာ မြို့နယ်အသီးသီးက လူငယ်တွေအနေနဲ့ ကြိုးပမ်းအားထုတ်ဖို့ လိုအပ်နေတဲ့သတင်း
■ စတဲ့ လူငယ့်ရေးရာ ရုပ်/သံ သတင်းပေးပို့မှုတွေနဲ့အတူ စူပါဟီးရိုး ဇာတ်ကောင်တွေနဲ့ ဂိမ်းဇာတ်ကောင်တွေအတိုင်း ဝတ်ဆင်နိုင်မယ့် ဝတ်စုံတွေကိုဖန်တီးပုံဖော်နေတဲ့ လူငယ်တစ်ဦးရဲ့ အကြောင်း ရုပ်သံမှတ်တမ်း အစီအစဉ်ကိုလည်း ရှု့စားကြအုန်းမှာ ဖြစ်ပါတယ်ခင်ဗျ။