
0
146




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုတိယမြို့တော်ဝန်အဖြစ် ဦးစိုးလွင် ရွေးချယ်တင်မြှောက် ခံရ

လျှို့ဝှက်မဲစနစ်နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယ မြို့တော်ဝန် ရွေးချယ်ခြင်း အခမ်းအနားကို ဧပြီလ ၈ ရက်နေ့က ရန်ကုန် မြို့တော်ခန်းမ အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီလို ပြုလုပ်ရာမှာ မဲဆန္ဒနယ် (၃) က မြို့တော် ကော်မတီဝင် နေရာအတွက် ရွေးကောက် တင်မြှောက်ခံရတဲ့ ဦးစိုးလွင်က ဒုတိယ မြို့တော်ဝန်နေရာအတွက် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ ရွေးကောက် တင်မြှောက်ခံရတဲ့ မြို့တော် ကော်မတီဝင် ခြောက်ဦးထဲက တစ်ဦးကို ဒုတိယ မြို့တော်ဝန်နေရာအတွက် ခန့်အပ်နိုင်ဖို့ အစိုးရအဖွဲ့က ခန့်အပ်ထားတဲ့ မြို့တော်ဝန် အပါအဝင် ကော်မတီဝင် လေးဦးနဲ့ ရွေးကောက်ခံ ကော်မတီဝင် ခြောက်ဦး၊ စုစုပေါင်း ၁၁ ဦးတို့က လျှို့ဝှက်မဲစနစ်နဲ့ ရွေးချယ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။