လူငယ်အစီအစဉ် အမှတ်စဉ် (၁၇၃)

0
174

မြန်မာ့ရုပ်မြင်သံကြား MRTV က စီစဉ်တင်ဆက်ပေးနေတဲ့ လူငယ်အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ပထမဆုံးအနေနဲ့ ပြည်တွင်းပြည်ပက လူငယ်ရေးရာသတင်းတွေကိုစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
၁။ ဝန်ကြီးဋ္ဌာနတွေ လျော့ချလိုက်မှုကြောင့် ထွက်လာတဲ့ တိုင်းပြည်ဘဏ္ဍာတွေကို ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးတွေမှာ ပိုမိုသုံးစွဲသွားမယ်လို့ နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရတဲ့ ဦးထင်ကျော်က ပြောကြားလိုက်တဲ့သတင်း
၂။အပြည်ပြည်ဆိုင်ရာ နိုင်ငံအလိုက် လူ့အခွင့်အရေးအခြေအနေ ပုံမှတ်သုံးသပ်ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့အကြောင်း
၃။ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီဟာငလျင်ဒဏ်သင့်ခဲ့တဲ့ နီပေါနိုင်ငံကကျေးရွာတွေကို သွားရောက်လည်ပတ်ခဲ့တဲ့သတင်း – စတဲ့သတင်းတွေနဲ့အတူ ပြည်တွင်းပြည်ပလူငယ်သတင်းတွေ၊ ရုပ်သံမှတ်တမ်းတွေကိုလည်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

?bph6