လူငယ်အစီအစဉ် အမှတ်စဉ် (၁၅၅)

0
355

မြန်မာ့ရုပ်မြင်သံကြား MRTV ကစီစဉ်တင်ဆက်ပေးနေတဲ့ လူငယ်အစီအစဉ်က ကြိုဆိုပါတယ်။ ပထမဆုံးအနေနဲ့ ပြည်တွင်းပြည်ပကလူငယ်ရေးရာသတင်းတွေကိုစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ၁။ အစိုးရသစ်လက်ထက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လူငယ်ရေးရာ ဖွံဖြိုးတိုးတက်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သင့်ဖို့ လိုအပ်ကြောင်း လူငယ်အရေးလှုပ်ရှားသူတွေက ပြောကြားလိုက်တဲ့သတင်း ၂။ ကလေးငယ်တွေ ခန္ဓာကိုယ် ကြံခိုင်ဖွံ့ဖြိုးစေဖို့ အများပြည်သူတွေအပန်းဖြေတဲ့ ပန်းခြံတွေမှာ မနက်ခင်းလေ့ကျင့်ခန်းတွေကို အခမဲ့ပြုလုပ်ပေးနေတဲ့အကြောင်း ၃။ ပါကစ္စတန်အနောက်မြောက်ပိုင်းက တက္ကသိုလ်တစ်ခုမှာ အကြမ်းဖက်သမားတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့သတင်း -စတဲ့ သတင်းတွေနဲ့အတူအခြားထူးခြားတဲ့ ပြည်တွင်းပြည်ပလူငယ်သတင်းတွေ၊ ရုပ်သံမှတ်တမ်းတွေကိုလည်း တင်ဆက်ပေးသွားဦးမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)