မန်ချက်စတာတက္ကသိုလ်က E Tekkatho ဒစ်ဂျစ်တယ် စာကြည့်တိုက်စနစ်ရဲ့ အသုံးပြုပုံ မိတ်ဆက်

0
292

အင်္ဂလိပ်စာ လေ့လာနေသူတွေအတွက် မန်ချက်စတာတက္ကသိုလ်က ပြုလုပ်ထားတဲ့ E Tekkatho ဒစ်ဂျစ်တယ် စာကြည့်တိုက်စနစ်ရဲ့ အသုံးပြုပုံတွေကို ဗြိတိသျှကောင်စီ စာကြည့်တိုက်မှာ မိတ်ဆက်ခဲ့ပါတယ်။ ဒီအကြောင်းကိုတော့MCNသတင်းထောက် သန်းဌေးအောင်က ခုလိုသတင်းပေးပို့ထား ပါတယ်။
ပြည်တွင်းမှာရှိတဲ့ အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် မန်ချက်စတာ တက္ကသိုလ်က ပြုလုပ်ထားတဲ့ E Tekkatho ဒစ်ဂျစ်တယ် စာကြည့်တိုက်ကို အင်တာနက်လိုင်းရှိတဲ့ နေရာတွေကနေ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်စာကြည့်တိုက် အသုံးပြုပုံ မိတ်ဆက်မှုကိုတော့ ရန်ကုန်မြို့ ကမ်းနားလမ်းမှာရှိတဲ့ ဗြိတိသျှကောင်စီ စာကြည့်တိုက်မှာ စက်တင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တာပါ။
” မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းသူ ကျောင်းသားတွေ အနေနဲ့ နိုင်ငံတကာက Education Resource တွေကို လွယ်လွယ်ကူကူ ရယူသုံးစွဲနိုင်ဖို့ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်လည်းပါတယ် ပြီးတော့ကျတော့ ဒီဘက်မှာ online နဲ့တခြားဟာတွေလည်းပါတယ်။ အခုဆိုရင် Subject ၁၀ ခုပါတယ်ပေါ့နော် အဲ့ဒီမှာ Subject အလိုက် ကိုယ်က အင်္ဂလိပ်စာကို စိတ်ဝင်စားရင် အင်္ဂလိပ်စာကိုရွေးမယ်။ ပြီးရင်သူ့ထဲကနေမှ ဒီအသေးလေးတွေ အင်္ဂလိပ်စာရဲ့ Subject ပေါ့နော် ကိုယ်သိချင်တာကို ဒေါင်းလုပ် လုပ်လို့ရပါတယ် “ ဟု မေသက်ခိုင်ငြိမ်း (မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်) ဒစ်ဂျစ်တယ်စာကြည့်တိုက် (မန်ချက်စတာတက္ကသိုလ်) မှ ပြောကြားသွားခဲ့ပါတယ်။
ဒီစာကြည့်တိုက်စနစ်ကို အင်တာနက်ရရှိနိုင်တဲ့ နေရာတွေကနေ ဝင်ရောက်အသုံးပြုနိုင်မှာဖြစ်ပြီး ဘာသာပေါင်းစုံက လေ့လာကိုးကားလိုတဲ့ စာအုပ်စာတန်း ၁၇၀၀ ကိုလည်း ဒေါင်းလုပ် ရယူနိုင်မှာဖြစ်ပါတယ်။ အင်္ဂလိပ်စာလေ့လာမှုတွေ အပြင် ပထဝီဝင်၊ ကမ္ဘာ့သိပ္ပံ၊ သတင်းအချက်အလက်နည်းပညာ၊ သဘာဝပါတ်ဝန်းကျင်နဲ့ ဆရာ၊ ဆရာမ လေ့ကျင့်သင်ကြားရေး စတဲ့ဘာသာရပ်တွေကိုပါ လေ့လာနိုင်မှာဖြစ်ပါတယ်။
” Subject တွေအနေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေက ဘယ် Subject မျိုးကို ပိုပြီးတော့ လိုချင်လည်းလို့ပေါ့နော် အဲ့ဟာပေါ် မူတည်ပြီးမှ Subject တွေ ထပ်ထည့်မယ်၊ Resource တွေ ထပ်ထည့်သွားမယ် အဲ့ဒါအပြင်ကို ဗြိတိသျှကောင်စီလိုမျိုး ကနေပြီးတော့ အင်္ဂလိပ်စာ Resource တွေကို ထပ်ထည့်ဖို့အစီစဉ် ရှိပါတယ်။ အဲ့ဒါပြောတော့ပြောထား ပြီးပြီပေါ့နော်၊ နောက်တစ်ခုက ကျောင်းတွေ University တွေကို ထပ်ပြီးတော့မှ ချဲ့သွားဖို့ ရှိပါတယ်။ ဆေးပညာနဲ့ ပါတ်သတ်ပြီးတော့လည်း ထပ်လုပ်ဖို့ ရှိပါတယ် “ ဟု မေသက်ခိုင်ငြိမ်း (မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်) ဒစ်ဂျစ်တယ်စာကြည့်တိုက် (မန်ချက်စတာတက္ကသိုလ်) မှ ပြောကြားသွားခဲ့ပါတယ်။
ဒီစာကြည့်တိုက်စနစ်ကို အခုလက်ရှိမှာ အင်တာနက်လိုင်း ချိတ်ဆက်ဖို့ မလိုပဲ Offline စနစ်နဲ့ ပြည်တွင်းမှာရှိတဲ့ စာကြည့်တိုက် ၁၁ ခုနဲ့ အများပြည်သူသုံး စာကြည့်တိုက် ၃ ခုမှာ အသုံးပြုနေပြီဖြစ်ပါတယ်။ ဒါ့အပြင် E Tekkatho ဒစ်ဂျစ်တယ်စာကြည့်တိုက်စနစ်ကို အများပြည်သူသုံး စာကြည့်တိုက်တွေမှာ တပ်ဆင်လိုပါက E Tekkatho မန်ချက်စတာကို ဆက်သွယ်မေးမြန်း နိုင်မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)