ရွေးကောက်ပွဲမှာ သတင်းမီဒီယာတွေရဲ့ သတင်းရယူဖော်ပြမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲ ကျင်းပ

0
316

လာမယ့်ရွေးကောက်ပွဲမှာ သတင်းမီဒီယာတွေရဲ့ သတင်းရယူဖော်ပြမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲကို ရန်ကုန်မြို့ Simmit Park View ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ဒီအကြောင်းကို MCN သတင်းထောက် ဗျူးလာဦးက အခုလိုသတင်းပေးပို့ထားပါတယ်။
လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ရွေးချယ်ခံမယ့် ပါတီ ၉၀ ကျော်ကို သတင်း မီဒီယာတွေ အနေနဲ့ မျှတအောင် သတင်းရယူဖော်ပြကြဖို့ မီဒီယာနဲ့ ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူတွေက တိုက်တွန်းပြောကြားလိုက်ပါတယ်။ စက်တင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ Simmit Park View ဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲတွေမှာ သတင်းမီဒီယာတွေရဲ့ သတင်းရယူဖော်ပြမှု ဆိုင်ရာဆွေနွေးပွဲမှာ အခုလို တိုက်တွန်းပြောကြားခဲ့တာပါ။
” ဒီဆွေနွေးပွဲ ပြုလုပ်ရတာက ရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးချယ်ခံမယ့် ပါတီကိစ္စရပ်နဲ့ ပါတ်သတ်ပြီး သတင်းရယူတာမှာ အမှန်တကယ် တရားမျှတမှုကို ရွေးရတာပါ။ သတင်းရယူတယ်ဆိုတာ အရမ်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာရွေးချယ်ခံရမယ့် ပါတီပေါင်း ၉၂ ခုရှိတဲ့ နေရာမှာ ရုပ်သံထုတ်လွှင့်မှုနဲ့ သတင်းရယူမှုမှာ အားလုံးကို မျှတအောင်ကို သတင်းရယူဖို့လိုပါတယ်။ အဲ့လို မျှမျှတတ သတင်းရယူပေးနိုင်မှ ပြည်သူတွေအနေနဲ့ ဘယ်သူကနိုင်ငံကို အမှန်တကယ် ဦးဆောင်နိုင်မယ်ဆိုတာကို ရွေးချယ်နိုင်မှာပါ။ ဒါ့အပြင် နိုင်ငံစီးပွားရေး၊ နိုင်ငံခြားရေးမူဝါဒတွေ၊ အခြားလူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေကိုလည်း သတင်းရယူဖို့လိုပါတယ်။ ဒါက အမှန်တကယ် ပြည်သူတွေသိချင်နေတဲ့ အရာတွေပါ “ ဟု မီဒီယာနှင့် ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ Rast’o Kuzel ကပြောကြားသွားခဲ့ပါတယ်။
ဒီဆွေနွေးပွဲမှာ မဲဆွယ် လှုပ်ရှားမှုတွေနဲ့ ပါတ်သတ်တဲ့ ဖော်ပြမှုတွေ၊ အချိုးအစား မျှမျှတတဖော်ပြမှုနဲ့ ပါတီငယ်တွေရဲ့ အကြောင်းဖော်ပြမှု စတဲ့ အကြောင်းအရာတွေကို ဆွေနွေးခဲ့ကြတာပါ။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ သက်တမ်းဟာ နုနယ်သေးတဲ့အတွက် အခုလိုရွေးကောက်ပွဲတွေ ကျင်းပဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။
” ဒီဆွေနွေးပွဲက နိုင်ငံအတွင်းမှာ ရှိနေတဲ့ သတင်းမီဒီယာတွေကို အတူတကွခေါ်ယူပြီးတော့ နိုင်ငံတကာစံချိန်နဲ့ ညီတဲ့ ရွေးကောက်ပွဲကဘာလည်း၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေဖြစ်ဖို့ ဘာတွေလိုအပ်လည်းဆိုတာကို အတူတကွ ဆွေးနွေးကြတာပါ” ဟု Democracy Reporting International ဦးဆောင်ကျင်းပသူ DOROTA K. RYZY ကပြောကြားခဲ့ပါတယ်။
ဒီဆွေနွေးပွဲကို Democracy Reporting International (DRI) က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး DRI ဟာ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ အခြေဆိုက်တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ Democracy Reporting International (DRI) အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးတွေနဲ့ ပါတ်သတ်ပြီး အရပ်ဖက် လူမှုအဖွဲ့အစည်းတွေကို နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးတဲ့ အဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)