မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ကျင်းပမည့် စကိတ်စီးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသူ(၁၀၀)ခန့်ရှိ

0
293

မန္တလေးမြို့မှာ မြန်မာနိုင်ငံ စကိတ်အဖွဲ့နှင့် DKSH ကုမ္ပဏီတို့ ပူးပေါင်းပြီး ပထမဆုံးအနေဖြင့် စကိတ်ပြိုင်ပွဲကို ကျင်းပသွားမှာဖြစ်သည်။ အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာ ၂၈ရက်နှင့် ၂၉ရက်အထိ မန္တလေးမြို့ မနော်ရမ္မံ အားကစာကွင်းအနောက်ဘက်ရှိတဲ့ Lucky Arrow စကိတ်ကွင်းတွင် ကျင်းပသွားမှာဖြစ်သည်။

ကျွန်တော်တို့ အဖွဲ့အနေနဲ့တစ်နှစ်ကို ပြိုင်ပွဲနှစ်ကြိမ်လုပ်ရမယ်လို့ သတ်မှတ်ထားတာရှိပါတယ်။ အဲနှစ်ကြိမ်ထဲက ကျွန်တော်တို့မန္တလေးမှာ အကြီးဆုံးပွဲအနေနဲ့ လာလုပ်တာပါ။ အဓိကကတော့ မြန်မာနိုင်ငံမှာရှိတဲ့ စကိတ်စီး အားကစားဝါသနာရှင်တွေ အကုန်လုံး ကိုယ်ဝါသနာပါတဲ့ စကိတ်ကို အရည်အချင်းတွေနဲ့ အရည်အသွေးကို ပြသလို့ရမယ့် ပွဲအဖြစ်ကျွန်တော်တို့က ပြုလုပ်တာပါလို့ မြန်မာနိုင်ငံ စကိတ်အဖွဲ့မှ ကိုလွင်လတ်က ပြောသည်။

ဒီပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား (၉)မျိုးသတ်မှတ်ထားပြီး သတ်မှတ်စည်းအတွင်း ပြိုင်ပွဲကိုတွင် အမျိုးသမီးများ ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ကြေးကို အခမဲ့သတ်မှတ်ထားပြီး လက်ရှိမှာတော့ ပြိုင်ပွဲဝင်ဖို့ စာရင်းပေးထားသူ အရေအတွက်သည် တစ်ရာခန့် ရှိနေပြီဖြစ်သည်။

(စကိတ်အားကစားသမားတစ်ဦး)

ကျွန်တော်တို့ Education နဲ့ Presentation tool တွေသွားတဲ့အခါမှာ ကျွန်တော်တို့ မိဘတွေ တော်တော်များများက ဒီစကိတ်ကွင်းတွေပေါ်လာတာတောင်မှ သတင်းစာမှာ လူထုအော်သံမှာ တိုင်ဖို့ စဉ်းစားတယ် အဲတော့စကိတ်ဆိုတာ ဘယ်လို ဦးထုပ်လို အကာအကွယ်တွေနဲ့ စီးမယ်ဆိုစနစ်တကျစီးလို့ ရတယ်၊ စနစ်တကျသင်ရင် ခြေကျိုးလက်ကျိုးတွေ မဖြစ်နိုင်ပါဘူး ။ Demostration ပြတဲ့အခါမှာ ကျွန်တော်တို့ လဲကျတာက အစပြပါတယ်။ အဲတော့ တချို့မိဘတွေက နားလည်လာတယ်လို့ စကိတ်အာကစားသမားတစ်ဦး ပြောသည်။

မြန်မာနိုင်ငံ စကိတ်အဖွဲ့အနေဖြင့် မန္တလေးမြို့တွင် အဖွဲ့ဝင်(၁၀၀)ခန့်ရှိနေပြီး ပြိုင်ပွဲအနေဖြင့် ပြင်ဦးလွင်မြို့တွင် ပြိုင်ပွဲကို ကျင်းပခဲ့ကြောင့် သိရသည်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)