အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ဉာဏ်ရည်မသန်စွမ်းသူများ၏ မိဘများစုပေါင်းပြီး အကြိုအခမ်းအနားကျင်းပ

0
289

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် ဥာဏ်ရည်မသန်စွမ်းသူတွေ၏ မိဘတွေက ပူးပေါင်းပြီး အကြိုအခမ်းအနား တစ်ခုကို ရန်ကုန်မြို့၊ ရှင်စောပုလမ်းမှာရှိတဲ့ Myanmar Event Park တွင် နိုဝင်ဘာလ 30 ရက်နေ့က ကျင်းပသွားခဲ့သည်။တာပါ။ မသန်စွမ်း အမျိုးအစားတွေတွင် ဥာဏ်ရည်မမှီကြသူများသည် ကိုယ်ပိုင်ဆုံးဖြတ်လုပ်ကိုင်နိုင်ခြင်းမရှိတာကြောင့် မိဘတွေက ဦးဆောင်ပြုလုပ်ပေးကြခြင်းဖြစ်သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံက သတ်မှတ်ထားတဲ့ မသန်စွမ်းက လေးမျိုးရှိပါတယ်၊ ဒီလေးမျိုးမသန်စွမ်းသူတွေရဲ့ Behaviors တွေအပေါ်မှာ ကျန်တဲ့သူတွေက စာနာနားလည်လက်ခံနိုင်အောင် Awareness ပေးတဲ့နေနဲ့ပေါ့ ဒီအကြိုပွဲလေးကို ကျင်းပတာဖြစ်ပါတယ်လို့ မြန်မာနိုင်ငံမသန်းစွမ်းသူများကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာကိုကိုဦးက ပြောသည်။

အဲ့ဒီပွဲမှာ ဥာဏ်ရည်မသန်းစွမ်းကလေးသူငယ်များက တေးသရုပ်ဖော်တင်ဆက်ကပြသွားကြတာဖြစ်ပြီး ဒီဇင်ဘာလ 3ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့မှာလည်း ပါဝင်သွားကြသည်။ လက်ရှိ မြန်မာနိုင်ငံတွင် မသန်စွမ်းအမျိုးအစား (၄)မျိုး သတ်မှတ်ထားပြီး အခြားမသန်စွမ်းတွေ အတွက် သီးသန့်စာသင်ကျောင်းတွေရှိနေပေမယ့် ဥာဏ်ရည်မမှီသူတွေအတွက် သီးသန့်စာသင်ကျောင်း မရှိသေးဘူးလို့ သိရပါတယ်။

ဒီဥာဏ်ရည်မသန်စွမ်းသူတွေက လည်း သူတို့ရဲ့တော်တော်များများလေးကို ဘဲမြင်ရပါတယ်။ သူတို့ရဲ့ Behaviors တွေကို နားလည်တဲ့ သူတို့ကို ပြုစုစောင့်ရှောက်ဖို့ ကျောင်းတွေပေါ့ အစိုးရအနေနဲ့ သတ်သတ်မှတ်မှတ်ကလေး ပြုလုပ်ပေးစေချင်ပါတယ်။ နောက် ဒီ Inclusive ပညာရေးလေးကို အကောင်အထည်ဖော်တဲ့ နေရာမှာ ဘယ်ကျောင်းမှာမဆို ပါဝင်တတ်ရောက်လို့ရအောင်လို့ သူတို့ရဲ့သက်ဆိုင်ရာ ဆရာတွေ ဆရာမတွေ အကုန်ပေါ့ ခန့်ထားပေးစေချင်ပါတယ်လို့ ဒေါက်တာကိုကိုဦးက ဆက်လက်ပြောကြားသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးဟာ ၁၉၉၃ခုနှစ်ကစတင်ပြီး နှစ်စဉ်ဒီဇင်ဘာ(၃)ရက်နေ့ကို ကမ္ဘာ့မသန်စွမ်းသူများနေ့ အဖြစ် သတ်မှတ်ခဲ့သည်။ မြန်မာနိုင်ငံမှာတော့ ၁၉၉၈ခုနှစ်ကစတင်ပြီး မသန်စွမ်းသူတွေအတွက် အထိမ်းအမှတ်ပွဲတွေ ကျင်းပခဲ့ခြင်းဖြစ်သည်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)