ကြည်လင်းကို ထောင်ဝင်စာတွေ့ဖို့ မိသားစုမှာ လမ်းစရိတ်တောင် မရှိဟုဆို

0
376






သေဒဏ်ချမှတ်ခံရတဲ့ ကိုကြည်လင်းကို မိသားစုဝင်တွေ ထောင်ဝင်စာတွေ့ဖို့ လမ်းစရိတ်တောင် မရှိတဲ့ အခြေအနေမျိုးပါလို့ မိသားစုဝင်တွေက ပြောပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို တပါးသူရဲ့ စေခိုင်းမှုကြောင့်သာ ကိုကြည်လင်းက သတ်ဖြတ်ခဲ့တာဖြစ်ပြီး ဒီသတ်ဖြတ်မှုကြောင့် သူအပါအဝင် ဘယ်သူ့အတွက်မှ ဘာအကျိုးမှ မရှိခဲ့ပဲ သူသာ သေဒဏ် ချမှတ်ခံလိုက်ရတာလို့ ညီတော်စပ်သူ ကိုဝင်းမြင့်က ပြောကြားလိုက်တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး တရားခံကြည်လင်းကို ကြိုးမိန့်သေဒဏ်နဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တဲ့အပေါ် ညီတော်စပ်သူ ကိုဝင်းမြင့်က MCN သတင်းဌာနရဲ့ သီးခြားတွေ့ဆုံရာမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

အပြည့်အစုံကို MCN သတင်းဌာနရဲ့ မုံရွာနယ်ခံသတင်းထောက် မတင်မာဆွေ ပေးပို့ထားတဲ့ ရုပ်/သံ အစီအစဉ်မှာ တွေ့မြင်ကြရမှာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)