သူဌေးရဲ့ လူမှုကွန်ရက်က စာတွေကို Like မလုပ်လို့ တရုတ်ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေ ဒဏ်ရိုက်ခံရ

0
746

တရုတ်နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေဟာ သူတို့ရဲ့သူဌေး လူမှုကွန်ရက်ပေါ်မှာ ရေးတဲ့စာတွေကို Like နှိပ်တာဖြစ်ဖြစ်၊ ကော်မန့်ပေးတာဖြစ်ဖြစ် မလုပ်တာကြောင့် ဒဏ်ရိုက်ခံနေကြရပါတယ်။

60318aa6741f7939f5014593c1af6fe2

အဲဒီကုမ္ပဏီဟာ ကျီနန်မြို့မှာတည်ရှိပြီး ဝန်ထမ်း ၂၀၀ ကျော်ရှိပါတယ်။ ရုံးရဲ့မူဝါဒအရ သူဌေးတင်တဲ့ လူမှုကွန်ရက်ပေါ်က စာတွေ၊ ပုံတွေကို မသိကျိုးကျွံနေရင် သူတို့ဟာ ယွမ် ၅၀ (အမေရိကန်ဒေါ်လာ ၇.၅၀) ဒဏ်ငွေရိုက်ခံရတယ်လို့ ပေကျင်းလူငယ်နေ့စဉ် သတင်းစာက ဖော်ပြထားပါတယ်။

Facebook နဲ့ Twitter အသုံးပြုခွင့်ပိတ်ထားတဲ့ တရုတ်မှာ စီနာဝေပိုလူမှုကွန်ရက်ဝက်ဘ်ဆိုက်ကိုသာ သုံးကြရတာ ဖြစ်ပြီး အဲဒီဆိုက်မှာ ကုမ္ပဏီရဲ့ စီအီးအို ကျန်းမင်က ကုမ္ပဏီနဲ့ပတ်သက်တဲ့ သတင်းသစ်တွေနဲ့ စိတ်ခွန်အားတက်စေမယ့် စာတွေ ရေးတင်လေ့ရှိပါတယ်။ အကယ်၍ အဲဒီစာတွေကိုသာ Like မလုပ်၊ ကော်မန့် မပေးဘူးဆိုရင် စည်းကမ်းအရ ဒဏ်ရိုက်ခံရပါတယ်လို့ အရောင်းမြှင့်တင်ရေး မန်နေဂျာ ကျောင်ရူရှင်က သတင်းစာကို ပြောကြားပါတယ်။

အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက သူတို့ကို ကြိုတင်သတိပေးတာမျိုးမရှိဘဲ ဒဏ်ရိုက်တာလို့ ဆိုပြီး တချို့ကလည်း ဒါဟာ အလုပ်သမားဥပဒေနဲ့ မကိုက်ညီဘူးလို့ ဆိုပါတယ်။ ဒဏ်ရိုက်တာဟာ ဒီကိစ္စတစ်မျိုးတည်းမဟုတ်ဘဲ ကုမ္ပဏီ လိုဂိုပါတဲ့ အိတ်တွေမသုံးရင်လည်း ဒဏ်ရိုက်တာပဲလို့လည်း ဖော်ပြထားပါတယ်။

Ref: BBC

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)