Facebook က ဗီဒီယိုဒိုင်ယာရီ လုပ်နိုင်မယ့် Application အသစ် iPhone အတွက် သီးသန့်ထုတ်လုပ်

0
259

Facebook လူမှုကွန်ရက်ဟာ ဗီဒီယိုကြည့်ရတာကြိုက်တဲ့ မြီးကောင်ပေါက်အရွယ်လေးတွေအတွက် Application အသစ်တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။ ဒီ Application ဟာ iPhone အတွက်ပဲ သီးသန့်ထုတ်လုပ်ထားတာ ဖြစ်ပြီး ကျောင်းသားအရွယ်လူငယ်တွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ Application ကို Install လုပ်ထားရင် ကိုယ့် Facebook သူငယ်ချင်းတွေရဲ့ ပရိုဖိုင်းကို ဗီဒီယိုဒိုင်ယာရီတစ်ခုလို ကြည့်နိုင်မှာ ဖြစ်ပါတယ်။

TEENS_MOBILE_APPS_ADV03_3_04012016_620_442_100

Lifestage လို့ အမည်ရတဲ့ ဒီ Application ကို Facebook က မိတ်ဆက်ပွဲမလုပ်ဘဲ ဒီတိုင်းထုတ်လုပ်ခဲ့တာဖြစ်ပြီး iPhone သုံးသူတိုင်း အလွယ်တကူ download ဆွဲလို့ရပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက အသက် ၂၁ နှစ်နဲ့ ၂၁ အောက်တွေသာ ဒီ Application ကို သုံးခွင့်ရှိမှာ ဖြစ်ပါတယ်။

Lifestage application ကိုသုံးပြီး ကိုယ့် အကြိုက်တွေ၊ စိတ်တိုစရာတွေ၊ ကတဲ့ဟန်နဲ့ တခြား ကိုယ်လုပ်လေ့လုပ်ထိရှိတဲ့ ဟန်ပန်တွေကို ဗီဒီယိုဖိုင် ဖန်တီးလို့ရမှာ ဖြစ်ပါတယ်။ ဒီ application ကို သုံးသူတွေဟာ ကိုယ့်အကြောင်း ကိုယ်ရေးရာဇဝင် Facebook မှာ ဖော်ပြတဲ့အခါ အရင်လို စာနဲ့ရေးဖြည့်တာမျိုးလုပ်စရာမလိုတော့ဘဲ ဗီဒီယိုရိုက်ပြီး နှုတ်က ဖြေသွားရုံပါပဲ။

ဒါပေမဲ့ ဒီ application သုံးသူတွေထဲမှာ အသက်ကျော်နေတဲ့သူတွေပါလာရင်လည်း Report လုပ်လို့ရပြီး Lifestage သုံးသူ အချင်းချင်းလည်း မတွေ့ချင်ရင် Block လုပ်လို့ရမှာ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်ကျော်သူတွေ သုံးလို့မရအောင် ကာကွယ်တာနဲ့ပတ်သက်ပြီး ဒီလောက်ပဲ သိရပြီး ဒီထက်ပို ခိုင်မာတဲ့ စနစ်တွေ လုပ်ထားမထားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Facebook ဟာ Lifestage application ကို ထုတ်တာဟာ လူမှုကွန်ရက်နယ်ပယ်မှာ ဆက်လက်ဦးဆောင်နိုင်ဖို့အတွက် လူငယ် အင်တာနက်အသုံးပြုသူတွေနဲ့ ပိုချိတ်ဆက်နိုင်အောင် ကြိုးစားလာတာပဲ ဖြစ်ပါတယ်။ Lifestage ကို application ရေးခဲ့ developer ကတော့ အသက် ၁၉ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ မိုက်ကယ်ဆေမန်လို့ အမည်ရပြီး Facebook ရဲ့ ထုတ်ကုန်မန်နေဂျာတစ်ဦးလည်း ဖြစ်ပါတယ်။

Ref: AFP, The Verge

?bph6