Uber က မောင်းသူမဲ့ အငှားယာဉ်တွေ စတင် စမ်းသပ်အသုံးပြုတော့မယ်

0
353

အွန်လိုင်းကနေ မော်တော်ယာဉ်ငှားစီးတဲ့ဝန်ဆောင်မှု လုပ်ကိုင်နေတဲ့ Uber ကုမ္ပဏီဟာ ဖောက်သည်တွေအတွက် အလိုအလျောက်မောင်းနှင်နိုင်တဲ့ အငှားယာဉ် အခုလကုန်ပိုင်းလောက်ကစပြီး မိတ်ဆက်အသုံးပြုတော့မယ်လို့ ပြောကြားလိုက်ပါတယ်။

_90832529_gettyimages-585139324

Bloomberg Businessweek မှာ ဖော်ပြထားချက်အရတော့ ဒီဝန်ဆောင်မှုကို အမေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးနီးယားပြည်နယ်က ပစ်ဘတ်ဂ်မြို့မှာ စတင်လုပ်ကိုင်မယ်လို့ Uber ရဲ့ အမှုဆောင်အကြီးအကဲ ထရာဗစ်ကာလာနစ်ခ်က ပြောကြားပါတယ်။

မောင်းသူမဲ့ကားတွေကို အသုံးပြုမယ်ဆိုပေမဲ့ ပထမပိုင်းမှာတော့ ကားကို လိုအပ်ရင် ထိန်းကူမောင်းနှင်ပေးဖို့ လူယာဉ်မောင်းဖြစ်ဖြစ်၊ စောင့်ကြည့်သူတစ်ယောက်ဖြစ်ဖြစ် ထည့်ပေးမှာဖြစ်ပါတယ်။ အပြည့်အဝစိတ်ချရပြီဆိုမှသာ လူတွေကို ဖယ်ရှားမှာဖြစ်ပါတယ်။

Uber ကုမ္ပဏီကတော့ စုစုပေါင်း ကား အစီးရေ တစ်သန်းကို မောင်းသူမဲ့တက္ကဆီအဖြစ် အသွင်ပြောင်းဖို့အထိ ရည်မှန်းထားတာပါ။ ဒါပေမဲ့ ခုအစီအစဉ်နဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေကိုတော့ Uber က ဘာမှ တုံ့ပြန်ပြောကြားတာမျိုး မရှိသေးပါဘူး။ ပစ်စဘတ်ဂ်မှာနေသူတွေဟာ ဖုန်းထဲက Uber application ကနေတစ်ဆင့် မောင်းသူမဲ့အငှားယာဉ်တွေ ငှားနိုင်မှာဖြစ်ပြီး အစပိုင်းမှာ ဝန်ဆောင်ခမယူဘဲ အခမဲ့ပြေးဆွဲပေးမှာဖြစ်တယ်လို့ Bloomberg မှာ ဖော်ပြထားပါတယ်။

Ref: BBC

?bph6