စစ်မှန်တဲ့ ကိုယ်စားပြုမှုနဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အခန်းကဏ္ဍ

0
453

❖ နိုဝင်ဘာ (၈) ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ နိုင်ငံရေးပါတီ အသီးသီးက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ ပြည်သူကို စစ်မှန်စွာ ကိုယ်စားပြုနိုင်သူ ဘယ်လောက် ပါဝင်နေပါလဲ။

❖ လူငယ်၊ အမျိုးသမီးအပါအဝင် ဘာသာရေး၊ လူမျိုးရေး၊ မသန်စွမ်းအပြင် လိင်စိတ်ခံယူမှု ကွဲပြားမှုစတာတွေကို အခြေခံတဲ့ လူနည်းစု လူမှုအဖွဲ့အစည်းတွေကို စစ်မှန်စွာ ကိုယ်စားပြုထားသူ ကိုယ်စားလှယ်လောင်းပါဝင်မှု အခြေအနေတွေကရော ဘယ်လို ရှိပါလဲ။

❖ ပြည်သူလူထုကို စစ်မှန်တဲ့ ကိုယ်စားပြုမှုအားနည်းတဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ခဲ့မိကြရာက ဘယ်လိုအကျိုးဆက်တွေ ဖြစ်ပေါ် ကြုံတွေ့ခဲ့ကြရပါလဲ။

❖ အနာဂတ်မှာ အဲ့ဒီလိုမဖြစ်ဖို့ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ အမြင့်ဆုံးသော နိုင်ငံသားအခွင့်အရေးဖြစ်တဲ့ “လွတ်လပ်စွာ ရွေးကောက် တင်မြှောက်ခွင့်”ကို ဘယ်လို ကျင့်သုံးဖို့ လိုအပ်နေပါလဲ။ စတဲ့ အကြောင်းအရာတွေကို

∎ ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးသုံးသပ်ချက် ဆောင်းပါးရှင်) မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ

∎ ဒေါ်ခင်လေး (ဒါရိုက်တာ) Triangle Women – အမျိုးသမီးအခွင့်အရေးနှင့် စွမ်းရည်မြှင့်တင်မှုဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်း

∎ ဦးရန်ကျော် (ငြိမ်းချမ်းရေးနှင့် ဖယ်ဒရယ်အရေး အသိပညာြမှင့်တင်သူ) မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ

∎ ဒေါ်ကက်သလင်းသိန်း အင်ကြင်းမေ ဟိန္ဒူ အမျိုးသမီးများ ကွန်ရက်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)