ရခုိင္က တ႐ုတ္စီမံကိန္းေတြကို AA ေႏွာက္ယွက္ရင္ တည္ရွိမႈပါ အခက္အခဲေတြ႔ႏိုင္မယ္

0
327

● ရခိုင္ျပည္နယ္ထဲက တ႐ုတ္စီမံကိန္းေတြကို ရခိုင့္တပ္မေတာ္ AA အေႏွာက္အယွက္ေပးခဲ့ရင္ ႏိုင္ငံေရးအရနဲ႔ တည္ရွိမႈအရပါ အခက္အခဲေတြ႔ႏိုင္တယ္လို႔ ၿငိမ္းခ်မ္းေရးႏွင့္ ျပန္လည္သင့္ျမတ္ေရးစင္တာ CPR က သံုးသပ္ ေျပာၾကားလိုက္ပါတယ္။

● တ႐ုတ္ႏိုင္ငံ ခရီးစဥ္အတြင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ တ႐ုတ္သမၼတ မစၥတာရီွက်င့္ဖ်င္တို႔ ရခုိင္ျပည္နယ္အေရးနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာ ဖိအားေတြအပါအ၀င္ ၿငိမ္းခ်မ္းေရးကိစၥေတြကို ေဆြးေႏြးခဲ့ၿပီး ထုတ္ျပန္ခဲ့တဲ့ သေဘာတူညီမႈေတြအေပၚ (CPR) ရဲ႕ ညႊန္ၾကားေရးမွဴး ဦးညိဳအုန္းျမင့္က သံုးသပ္ ေျပာၾကား လိုက္တာပါ။

● ဒီလိုေျပာၾကားရာမွာေတာ့ ရခုိင္ျပည္နယ္အေရးနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာရဲ႕ ဖိအား ရင္ဆုိင္ေနရခ်ိန္မွာ နယ္ေျမ မတည္ၿငိမ္မႈေၾကာင့္ တ႐ုတ္ႏိုင္ငံရဲ႕ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္း ျပည္တြင္းက အျခားေဒသကို ေျပာင္းေရႊ႕သြားမယ့္ အေျခအေနမ်ိဳးမရွိေပမယ့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ ဒါကာဆိပ္ကမ္းကို တ႐ုတ္ႏိုင္ငံအေနနဲ႔ ပိုမို အသံုးျပဳသြားႏိုင္တဲ့ အေျခအေနမ်ိဳးကိုလည္း စိုးရိမ္ဖြယ္ ေတြ႔ရတယ္လို႔လည္း သူက ေျပာပါတယ္။

● အျပည့္အစံုကို MCN သတင္းဌာနက စီစဥ္တင္ဆက္ေပးေနတဲ့ “ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ရဲ႕ တ႐ုတ္ႏိုင္ငံ ခရီးစဥ္ အထူး႐ုပ္သံအစီအစဥ္” မွာ ေတြ႔ျမင္ၾကရမွာျဖစ္ပါတယ္။


● ရခိုင်ပြည်နယ်ထဲက တရုတ်စီမံကိန်းတွေကို ရခိုင့်တပ်မတော် AA အနှောက်အယှက်ပေးခဲ့ရင် နိုင်ငံရေးအရနဲ့ တည်ရှိမှုအရပါ အခက်အခဲတွေ့နိုင်တယ်လို့ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးစင်တာ CPR က သုံးသပ် ပြောကြားလိုက်ပါတယ်။

● တရုတ်နိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်တို့ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာ ဖိအားတွေအပါအဝင် ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးခဲ့ပြီး ထုတ်ပြန်ခဲ့တဲ့ သဘောတူညီမှုတွေအပေါ် (CPR) ရဲ့ ညွှန်ကြားရေးမှူး ဦးညိုအုန်းမြင့်က သုံးသပ် ပြောကြား လိုက်တာပါ။

● ဒီလိုပြောကြားရာမှာတော့ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဖိအား ရင်ဆိုင်နေရချိန်မှာ နယ်မြေ မတည်ငြိမ်မှုကြောင့် တရုတ်နိုင်ငံရဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ပြည်တွင်းက အခြားဒေသကို ပြောင်းရွှေ့သွားမယ့် အခြေအနေမျိုးမရှိပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒါကာဆိပ်ကမ်းကို တရုတ်နိုင်ငံအနေနဲ့ ပိုမို အသုံးပြုသွားနိုင်တဲ့ အခြေအနေမျိုးကိုလည်း စိုးရိမ်ဖွယ် တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

● အပြည့်အစုံကို MCN သတင်းဌာနက စီစဉ်တင်ဆက်ပေးနေတဲ့ “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ် အထူးရုပ်သံအစီအစဉ်” မှာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။