KaYinဗိုလ်ချုပ်ကြေးရုပ်ကို ဂုဏ်သိက္ခာရှိစွာ ပြောင်းရွှေ့ရေး ဆက်လက်လုပ်ဆောင်လာဖွယ်ရှိ

0
247

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ဆွေးနွေးချက်တွေအပေါ် တာဝန်ယူ တာဝန်ခံမှု မရှိပဲ ဆက်လက်ဆွေးနွေးတာမျိုး မရှိရင် ရုပ်ထုကို ဂုဏ်သိက္ခာရှိစွာ ပြောင်းရွှေ့ရေးကို ကရင်နီလူငယ်တွေ ဆက်လက်လုပ်ဆောင်လာနိုင်တဲ့ အခြေအနေမျိုးတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က ၅ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုအပြီး ဆက်လက်ဆွေးနွေးဖို့ ဧပြီလ မကုန်ခင် ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတဲ့ ကတိပြုချက်အပေါ် ကရင်နီလူငယ်ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ ကိုကျော်ထင်အောင်က ပြောကြားလိုက်တာပါ။

MCN သတင်းဌာနရဲ့ သီးသန့် ဆက်သွယ်မေးမြန်းခန်းမှာ ကိုကျော်ထင်အောင်က အဲ့ဒီလို ပြောကြားခဲ့တာပါ။ အပြည့်အစုံကို MCN သတင်းဌာနရဲ့ The Streamiz Show အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။