လွှတ်တော်ရဲ့ ငါးနှစ်တာ ဆောင်ရွက်မှုတွေ အားရဖွယ်မရှိခဲ့ဟုဆို

0
359

လွှတ်တော်ရဲ့ ငါးနှစ်တာ ဆောင်ရွက်မှုတွေ အားရဖွယ်မရှိခဲ့ဘူးလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က သုံးသပ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ရပ်နားလိုက်တဲ့ ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် (ခ)  စိုင်းဟပ်က MCN (မြန်မာကေဘယ်ရုပ်သံသတင်းဌာန) နဲ့ သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားစဉ်မှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

သူ့အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက အနိုင်ရရှိစဉ်ကာလကနေ လွှတ်တော်အစည်းအဝေး ရပ်နားချိန်ကာလအထိ လွှတ်တော်တွင်း ဆောင်ရွက်နိုင်မှုအခြေအနေတွေအပေါ် သုံးသပ်ပြီး ထုတ်ဖော်ပြောကြားလိုက်တာလဲဖြစ်ပါတယ်။ အပြည့်အစုံကို ရုပ်သံသတင်းပေးပို့ချက်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)