AA ရဲ့ လုပ်ရပ်ကို ပုတီးစိပ်ပြီး မေတ္တာပို့နေလို့ မရ ဟုဆို

0
37

● ရဲတပ်ဖွဲ့ဝင်တွေနဲ့ ခရီးသွားပြည်သူတွေ ဖမ်းဆီးခံရတာကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ပုတီးစိပ်ပြီး မေတ္တာပို့နေလို့ မရတာကြောင့် လုပ်သင့်၊ လုပ်ထိုက်တာကို လုပ်ရတာ ဖြစ်တယ်လို့ မြန်မာ့တပ်မတော်က တရားဝင် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

● ရွှေနဒီအမြန်ရေယာဉ်မှာ လိုက်ပါလာတဲ့ ရဲအရာရှိ ၁၁ ဦး အပါအဝင် လူ ၄၀ ကျော်ကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဒီကနေ့မနက်ပိုင်းမှာ ဖမ်းဆီးခဲ့တဲ့အပေါ် တပ်မတော်က စစ်ရဟတ်ယာဉ် သုံးစီး အသုံးပြုပြီး ညနေပိုင်းမှာ ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့အပေါ် သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ တပ်မတော်သတင်းမှန် ပြန် ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့တာပါ။

● “ရဲတပ်ဖွဲ့ဝင်နဲ့ ခရီးသွားပြည်သူကို ဖမ်းသွားတာကို တပ်မတော်နဲ့ လုံခြုံရေးဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပုတီးစိတ်ပြီးတော့ မေတ္တာမပို့နိုင်ဘူး၊ ကျဲသင့်ကျဲရမှာပဲ၊ ချသင့်ချရမှာပဲ၊ ဒါတော့ ကျနော်တို့ရဲ့တာဝန်ဖြစ်တယ်၊ ဒါနဲ့ပတ်သက်ပြီးတော့ လေယာဉ်မသုံးရတို့၊ ရဟတ်ယာဉ် မသုံးရတို့ဆိုတဲ့ ဥပဒေတွေလည်း မရှိပါဘူး” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

● ဒါ့အပြင် သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးတွေမှာ လေယာဉ်၊ ရဟတ်ယာဉ် မသုံးရဘူးလို့ နိုင်ငံတကာ ဥပဒေတွေမှာ ပြဌာန်းချက်မရှိပဲ လိုအပ်တဲ့ အင်အားကို သုံးခွင့်ရှိတယ်လို့လည်း ပြောကြားခဲ့တာပါ။

● အပြည့်အစုံကိုတော့ MCN သတင်းဌာနရဲ့ Quote Of The Day အစီအစဉ်ကနေ ပြန်လည် ထုတ်နှုတ် တင်ဆက်ပေးထားပါတယ်။