ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လူထုက အတော်လေးစိတ်ပျက်နေပြီ။ လုပ်နေတဲ့ သူတွေကိုယ်တိုင် လေးနက်ရဲ့ လား မေးစရာဖြစ်နေပါပြီ (Quotation)

0
374

22222ဦးအောင်မိုးဇော် (ဥက္ကဋ္ဌ)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

ငြိမ်းချမ်းရေးလို့ တစာစာကြွေးကြော်နေပြီး ခုလိုတိုက်ပွဲတွေ ဖြစ်နေတာကို ရှုတ်ချပါတယ်။ ၂၁ ပင်လုံ ပထမအကြိမ်လုပ်တော့ အခု တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေ မပါနိုင်ခဲ့ဘူး။ ဘာကြောင့်မပါခဲ့ရလဲ အကြောင်းအရင်းကို ရှာဖွေရပါ့မယ်။ အဲ့ဒီ ညီလာခံက ဘာမှဆွေးနွေး နိုင်ခဲ့တာမဟုတ်ဘူး။ ပြီးတော့လည်း မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်တယ်။ တစ်တိုင်းပြည်လုံးက ရပ်ဖို့တောင်းဆိုတယ်။ အစိုးရက တုတ်တုတ်မျှ မလှုပ်ဘူး အကျိုးဆက်က အခု မူဆယ်မှာ ပြင်းပြင်းထန်ထန်ဖြစ်တာ အဲဒါတွေရဲ့ အကျိုးဆက်ပဲလို့ ကျွန်တော် ကတော့ သုံးသပ်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လူထုက အတော်လေးစိတ်ပျက်နေပြီ။ လုပ်နေတဲ့ သူတွေကိုယ်တိုင် လေးနက်ရဲ့ လား မေးစရာဖြစ်နေပါပြီ။ ကျွန်တော်တို့ ပြောချင်တာက တိုက်နေတာတွေရပ်ပါ။ ချက်ချင်း စကားပြောညှိနှိုင်းကြဖို့ ကျွန်တော့် အနေနဲ့ တိုက်တွန်းလိုပါတယ်။

တစ်ဖက်ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး ပါဝင်လာဖို့ ကမ်းလှမ်းထားတယ်။ တစ်ဖက်ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ ကလည်း လက်နက်ကိုင် လမ်းစဉ်စွန့်တယ်ဆိုတာ ယုံကြည်ချက်ကို စွန့်ခိုင်းတာပါ။ ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေ မပြေလည် သေးဘဲနဲ့ မညှိနှိုင်းရသေးဘဲနဲ့ ဘယ်သူလုပ်မလဲ။ ယေဘုယျကြည့်ရင် အစိုးရဆိုတာ တပ်ကို ကိုယ်စားပြုတယ်။ ခု ကျွန်တော်တို့ တိုင်းပြည်မှာ အဲ့လိုမဟုတ်ဘူးလို့ပြောကြတယ်။ ဒါ့ကြောင့် လက်နက်ကိုင်တွေဖက်က တွန့်ဆုတ်နေတာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေမှာ အာဏာရှိသူမှာ ပိုပြီးတာဝန်ရှိတယ်။ တိုက်ပွဲတွေကို ရပ်ပါ။ စကားအမြန်ပြောပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)