စီးပွားရေး ပိတ်ဆို့မှုဖယ်ရှားမှုက နောက်တစ်နည်းနဲ့ လုပ်ချင်ရာလုပ်ဖို့ အခွင့်ပေးလိုက်တာ ဆိုရင်တော့ ဆုံးရှုံးမှုပဲ (Quotation)

0
319

dawkhinlay

နိုင်ငံရေးအကျိုးဆက်ကတော့ ကျွန်မတို့ ပြောရခက်ပါတယ်။ ပြောရတာခက်တယ်ဆိုတာကတော့ အခုချိန်မှာ ဖွင့်ပေးတာက အရင်တုန်းက Black List ထိထားတဲ့သူတွေ ဖွင့်ပေးလိုက်တယ်ဆိုတဲ့အခါ နိုင်ငံရေး အကျိုးဆက်ထက် အရင်တုန်းက စာရင်းထဲမှာပါတဲ့ သူတွေအတွက်ကတော့ ပိုပြီးတော့ လွတ်လွတ်လပ်လပ်နဲ့ လုပ်ခွင့်သာသွားတဲ့ အနေအထားဖြစ်တယ်။

“ပြည်သူလူထုနဲ့ တိုင်းပြည်ရဲ့ သယံဇာတတွေကို ကုတ်သွေးစုပ်တဲ့လူတွေကို ပေးထားတဲ့ ပြစ်ဒဏ်တွေကနေ လွှတ်ပေးလိုက်တာဟာ တကယ်ပဲ ဟိုဘက်ဒီဘက် အလဲအထပ် လုပ်ရတာဟာ တကယ်ပဲ ထိုက်တန်ရဲ့လား”

အဲဒီရဲ့ အကျိုးဆက်အနေနဲ့ တစ်ဖက်မှာ ပြန်ကြည့်တဲ့အခါမှာ ဒီလိုဖွင့်ပေးရလောက်တဲ့ အနေအထား ဒီလူတွေကကော တကယ်ပဲ တိုင်း ပြည်အတွက် အခုချိန်မှာဆိုရင် NLD အစိုးရသစ်နဲ့ ပူးပေါင်း ဆောင်ရွက်ပြီးတော့ တကယ့် ပြည်သူလူထု အကျိုးစီးပွားအတွက် ကိုယ်ကျိုးမရှာဘဲ လုပ်မှာလား ဆိုတဲ့ဟာကိုတော့ စိုးရိမ်မှု ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း ရှိနေသေးတယ်။ တကယ့် အပြောင်းအလဲကလည်း စစ်မှန်တဲ့အပြောင်းအလဲ ဟုတ် မဟုတ် ဆိုတာကလည်း အများကြီး အချိန် ယူစဉ်းစား ရမယ့်အချိန်မှာ အရင်တုန်းကလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ တိုင်းပြည်ရဲ့ သယံဇာတတွေကို ကုတ်သွေးစုပ်တဲ့လူတွေကို ပေးထားတဲ့ ပြစ်ဒဏ်တွေကနေ လွှတ်ပေးလိုက်တာဟာ တကယ်ပဲ ဟိုဘက်ဒီဘက် အလဲအထပ် လုပ်ရတာဟာ တကယ်ပဲ ထိုက်တန်ရဲ့လား ဆိုတာကို မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

“တပ်မတော်နဲ့ အခြားသော အာဏာရှင် စိတ်ဓာတ်ကိုပဲ ကြီးစိုးထားတဲ့ သူတွေနဲ့ ဒီစီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ ကျွန်မတို့နဲ့က တိုက်ရိုက်အဆက်အဆံမရှိပါဘူး။ တိုင်းပြည်ကို အုပ်ချုပ်တဲ့သူတွေနဲ့ပဲ အဆက်အဆံရှိတော့ သူတို့ ဘာတွေများ ဘယ်လောက်သိထားလဲ”

နိုင်ငံတော် အတိုင်ပင်ခံကတော့ တကယ်ပဲ တိုင်းပြည်ရဲ့အကျိုးကို ရှေးရှုပြီးတော့ ဒီလိုမျိုးဖွင့်ပေးလိုက်ခြင်းအားဖြင့် အမျိုးသားရင် ကြားစေ့ရေးကိုလည်း ဦးတည်မယ်။ တပ်မတော်အတွက်လည်း ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီးတော့ ကောင်းကောင်းမွန်မွန်၊ သေသေချာချာလုပ်ချင်တဲ့ ဆန္ဒအတွက် သူကိုယ်တိုင် မှတ်ချက်လည်း ပေးခဲ့မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ ပြန်စဉ်းစားကြည့် တဲ့အခါ တိုင်းပြည်ထဲမှာ ဖြစ်နေတဲ့ အခြေအနေတွေကလည်း စိတ်မသက်သာစရာ၊ သံသယရှိစရာတွေဖြစ်နေတယ်။ အဲဒီအတွက် ကျွန်မတို့က စောနေတယ်၊ မစောဘူးဆိုတာထက် ဖွင့်ပေးလိုက်တဲ့သူတွေက ဘယ်လောက်တောင် အာမခံချက်ရှိပြီးတော့ ဒီဟာကို ပြောနိုင်လဲဆိုတာကိုလည်း မူတည်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့က တပ်မတော်နဲ့ အခြားသော အာဏာရှင် စိတ်ဓာတ်ကိုပဲ ကြီးစိုးထားတဲ့ သူတွေနဲ့ ဒီစီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ ကျွန်မတို့နဲ့က တိုက်ရိုက်အဆက်အဆံမရှိပါဘူး။ တိုင်းပြည်ကို အုပ်ချုပ်တဲ့သူတွေနဲ့ပဲ အဆက်အဆံရှိတော့ သူတို့ ဘာတွေများ ဘယ်လောက်သိထားလဲ၊ ဘာကြောင့် ဒီိလိုလုပ်ပေးလဲ ဆိုတာတော့ သူတို့ပဲသိမှာပါ။

“ဖွင့်ပေး လိုက်တဲ့လူတွေ စာရင်းထဲမှာပါတဲ့လူတွေက သူတို့ဘာသူတို့ တစ်ချိန်က လုပ်ခဲ့တာတွေကို နောင်တရပြီးတော့ ပြည်သူလူထုအတွက် ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်မယ်ဆိုရင်တော့ ကျွန်မတို့ ဖွင့်ပေးရကျိုးနပ်ပါတယ်”

ကျွန်မတို့ စိုးရိမ်မှုကတော့ ဒီဟာသည် ကျွန်မတို့ တိုင်းပြည်အတွက် အကျိုးရှိမယ်၊ ခုနက ဖွင့်ပေး လိုက်တဲ့လူတွေ စာရင်းထဲမှာ ပါတဲ့လူတွေက သူတို့ဘာသူတို့ တစ်ချိန်ကလုပ်ခဲ့တာတွေကို နောင်တရပြီးတော့ ပြည်သူလူထု အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မယ်ဆိုရင်တော့ ကျွန်မတို့ ဖွင့်ပေးရကျိုး နပ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ သူတို့ကို ပိုပြီးတော့ နောက်တစ်နည်းနဲ့ လုပ်ချင်ရာလုပ်ဖို့ အခွင့်ပေးလိုက်သလို ဖြစ်မယ် ဆိုရင်တော့ ကျွန်မတို့အတွက် အဲဒါ ဆုံးရှုံးမှုလို့ပဲထင်ပါတယ်။