ရခိုင်အရေး အလေးနက်ထားကြောင်း အရေးကြီးဆို တင်သွင်းချိန်ထိ လွှတ်တော်ပျက်ကွက်ဟုဆို

0
313
devices -->

● ရခိုင်ပြည်သူတွေ ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီး သတ်ဖြတ်ခံရမှုတွေအပေါ် စာနာထောက်ထားပြီး အလေးနက်ထားကြောင်း၊ ပါဝင်ပတ်သက်သူ အားလုံးကို ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်း၊ လွှတ်တော်အနေနဲ့ ပြုလုပ်ဖို့ အရေးကြီးဆို တင်သွင်းချိန်ထိ ပျက်ကွက်ခဲ့တယ်လို့ ရခိုင်အမျိုးသားပါတီက ထောက်ပြဝေဖန် လိုက်ပါတယ်။

● နိုဝင်ဘာလ ၁၈ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ AA အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ချင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိစ္စနဲ့ပတ်သက်ပြီး ပါဝင်ဆွေးနွေးရာမှာ ရခိုင်ပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒမြေအမှတ် (၁၁) က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ထောက်ပြဝေဖန်ဆွေးနွေးခဲ့တာပါ။

● ဒါ့အပြင် ရခိုင်ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုချက်တွေ ရလာဒ်မထင်ခဲ့သလို တိုက်ပွဲတွေ ရပ်တန့်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ညှိနှိုင်းအဖြေရှာဖို့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေက ကြိမ်ဖန်များစွာ တိုက်တွန်းခဲ့ပေမယ့် ရလာဒ်မထင်ခဲ့ပါဘူးလို့လည်း ပြောကြားခဲ့တာပါ။

● အလားတူ ရခိုင်ပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုပြီး အမျိုးသားပြန်လည်သင့်မြတ်ရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ ရခိုင်ပြည်နယ် ပါဝင်လာနိုင်ရေးကိုကြိုးပမ်းဆောင်ရွက်မှုတွေ ဘယ်ထောက်ထိရောက်မှုရှိခဲ့သလဲဆိုတာ ဘယ်လောက် အလေးပေးအကောင်အထည်ဖော်သလဲဆိုတာကို ဒီကနေ့ရခိုင်ပြည်နယ် ရဲ့အခြေအနေကိုကြည့်ရင် မြင်သာပါတယ်လို့လည်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

● အပြည့်အစုံကိုတော့ နိုဝင်ဘာလ ၁၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ ဆွေးနွေးခဲ့တာတွေကို Quote Of The Day အစီအစဉ်အနေနဲ့ ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။