ရက္ခိုင့်တပ်တော် AA နဲ့ ရခိုင်တစ်မျိုးသားလုံးက ရိုဟင်ဂျာနဲ့ ICJ ကို ထောက်ခံဟုဆို

0
3590

● ရက္ခိုင့်တပ်တော် AA အပါအဝင် ရခိုင်တစ်မျိုးသားလုံးက ရိုဟင်ဂျာနဲ့ ICJ အရေးအပေါ် ထောက်ခံနေကြကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်က ပြောကြားလိုက်ပါတယ်။

● ပြည်တွင်းက ရခိုင်နိုင်ငံရေးအင်အားစုတွေနဲ့ ရခိုင်တိုင်းရင်းသားတွေဟာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ရင် နိုင်ငံတကာရဲ့ ဆောင်ရွက်ချက်တွေအပေါ် အမြဲကန့်ကွက်လေ့ရှိခဲ့ကြပေမယ့် အခုတကြိမ်မှာ ထောက်ခံ/ကန့်ကွက် မလုပ်ပဲ ငြိမ်နေတာကို ကြည့်ခြင်းအားဖြင့် ထောက်ခံကြောင်း ပြသနေတာလို့ သုံးသပ်နိုင်ကြောင်း သူက ဆိုတာပါ။

● ဒါကြောင့် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က ဂမ်ဘီယာနိုင်ငံရဲ့ တောင်းဆိုအချက်အားလုံး ကိုခွင့်ပြုပြီး အနိုင်ပေးလိုက်ရင်တောင် ရက္ခိုင့်တပ်တော် AA နဲ့အတူ ရခိုင် နိုင်ငံရေးအင်အားစုတွေနဲ့ ရခိုင်တစ်မျိုးသားလုံးက ကန့်ကွက်နိုင်ဖွယ် မရှိဘူးလို့လည်း သူက ပြောကြားခဲ့တာဖြစ်ပါတယ်။

● MCN သတင်းဌာနနဲ့ သီးသန့်ပြုလုပ်တဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ရိုဟင်ဂျာလူမျိုးစုတွေရဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဗူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်ရဲ့ ပြောကြားချက်များအတွင်းမှ Quote Of The Day အနေနဲ့ ပြန်လည် ထုတ်နှုတ် တင်ဆက်ပေးထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)