Coronavirus အချိန်မရွေး ဗြုန်းကနဲ ပေါ်လာနိုင်ဟု ပြည်ထောင်စုဝန်ကြီး သတိပေး

0
197

❖ မြန်မာနိုင်ငံမှာ Corona ဗိုင်းရပ်စ်က ရောဂါပိုး မတွေ့ရှိပေမယ့် စိုးရိမ်ရတဲ့ အခြေအနေရှိပြီး အချိန်မရွေး ဗြုန်းကနဲ ပေါ်လာနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက သတိပေး ပြောကြားလိုက်ပါတယ်။

❖ ဒါ့အပြင် တရုတ်နိုင်ငံနဲ့ နယ်နိမိတ်တလျှောက် တရားဝင် နယ်စပ်ဝင်ပေါက် ၂၇ ပေါက်ရှိကာ အဲ့ဒီဝင်ပေါက်တွေက အရင်က နေစဉ် သိန်းနဲ့ချီပြီး ဝင်ရောက်မှုရှိခဲ့သလို လက်ရှိအချိန်အထိ နေစဉ် သောင်းနဲ့ချီပြီး ဝင်ရောက်ကာ ထိန်းချုပ်ဖို့ လိုအပ်နေပြီး ဝန်ကြီးဌာနအနေနဲ့ အဲ့ဒီဒေသတွေမှာ အထူးစောင့်ကြည့်နေကာ အားဖြည့်ထားတယ်လို့လည်း သူက ပြောပါတယ်။

❖ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဒလမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေးရဲ့ 2019 Novel Coronavirus ရောဂါနဲ့ ပတ်သက်ပြီး အစိုးရရဲ့ စီမံ ဆောင်ရွက်မှု အခြေအနေတွေကို မေးမြန်းတဲ့ မေးခွန်းကို ဖြေကြားရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ထည့်သွင်း ပြောကြားခဲ့တာပါ။

❖ အပြည့်အစုံကို MCN သတင်းဌာနရဲ့ “မှတ်သားစရာ ပြောစကား” Quote Of The Day အစီအစဉ် မှာ ရှုစားနိုင်ကြမှာ ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)