ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေကို ထိန်းချုပ်ဖို့ကြိုးစားရင် တိုင်းပြည် အနာဂတ်မကောင်းနိုင်ဘူး

0
379

အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ပိုင်း BBC မြန်မာပိုင်းအစီအစဉ်က ထုတ်လွှင့်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ထောက်ခံသူတွေကို ငွေပေးစည်းရုံးမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းနဲ့ပက်သက်ပြီး ပြည်ထောင်စုကော်မရှင်က အောက်တိုဘာလ ၁၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ့ကြေညာချက်မှာ ရွေးကောက်ပွဲ ဥပဒေ ၅၈ ( က ) အရလဘ်ပေးခြင်းနဲ့ ညိစွန်းပြီး တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ၊ ကျပ်တစ်သိန်းထက်မပိုတဲ့ ဒဏ်ငွေပေးဆောင်ရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ငွေပေးစည်းရုံးရင်လည်း သိက္ခာချလိုတဲ့အတွက် လုပ်ကြံဆောင်ရွက်တာသာ ဖြစ်မယ်လို့ ကော်မရှင်အနေနဲ့ ယူဆကြောင်းနဲ့ တခြားပါတီ ထောက်ခံနေသူတွေကို ကြံ့ခိုင်ရေးပါတီ ငွေပေးမဲဆွယ်စည်းရုံးမှာ မဟုတ်ဘူးလို့ ဖြော်ပထားပါတယ်။

ဒီလိုသတင်းဖော်ပြမှုတွေကြောင့် လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ တည်ငြိမ်စွာကျင်းပရေးကို ထိခိုက်နိုင်တဲ့အတွက် သတင်းဌာနတွေအနေနဲ့ မီဒီယာကျင့်ဝတ်နဲ့အညီ ရေးသားဖော်ပြပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပက်သက်ပြီး မြန်မာနိုင်ငံစာနယ်ကောင်စီ(ယာယီ)အဖွဲ့ဝင် ကိုဇော်သက်ထွေးကို MCN သတင်းဌာနရဲ့ Stramiz Show အစီအစဉ်အတွက် ဆက်သွယ်မေးမြန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)