လိင်တူချစ်သူ LGBT တွေ ရွေးကောက်ပွဲမှာ ဘယ်လို ပါဝင်ကြမှာလဲ

0
412


ဒီကနေ့ MCN STREAMIZ SHOW အစီစဉ်မှာတော့ မဲဆန္ဒရှင်ပြည်သူတွေထဲက လူနည်းစုဖြစ်တဲ့ လိင်တူချစ်သူ LGBT တွေ အနေနဲ့ ရွေးကောက်ပွဲမှာ ဘယ်လို ပါဝင်ကြမှာလဲဆိုတာတွေနဲ့ပတ်သက်ပြီးတင်ပြပေး သွားမှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်မှာဆိုရင်တော့ မဲဆန္ဒရှင်တွေထဲက လူနည်းစုဖြစ်တဲ့ လိင်တူချစ်သူ LGBT တွေအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ ဘယ်လို ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲပေး ရွေးချယ်ကြမှာလဲ။ သူတို့အခွင့်အရေး တွေအတွက် ဆောင်ရွက်ပေးနိုင်မယ့် သူတို့ကို ကိုယ်စားပြုတဲ့ သူတွေရော ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် လောင်းတွေထဲမှာ ပါဝင်မှုရှိနေလား။ လွတ်လပ်သန့်ရှင်းပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်တစ်ရပ်ဖြစ်ဖို့ LGBT တွေကရော ဘယ်လိုကဏ္ဍနေ ပါဝင်ဆောင်ရွက်ကြမှလဲ။ ရွေးကောက်ပွဲ ကာလအတွင်းမှာရော LGBT တွေရဲ့ ဖြစ်တည်မှုကို ပျက်ရယ်ပြုတဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ လုပ်ရပ်တွေ မဖြစ်ပေါ်ဖို့ LGBT တွေရဲ့အရေးဆောင်ရွက်နေသူတွေ ဘာတွေပြင်ဆင်ထားကြလဲ စတဲ့ အကြောင်းအရာတွေကလည်း စိတ်ဝင် စားဖွယ်ကောင်းလှပါတယ်။
ဒါကြောင့် MCN သတင်းခန်းရဲ့ STREAMIZ SHOW အစီအစဉ်ကနေပြီး လိင်တူချစ်သူ LGBT အရေး တက်ကြွစွာ လှုပ်ရှား ဆောင်ရွက်နေသူ လူ့အခွင့်အရေးပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ Equality Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကို ဆက်သွယ်မေးမြန်းတင်ဆက်ပေးသွား မှာဖြစ်ပါတယ်။
မကြာခင်ကျင်းပတော့မယ် ရွေးကောက်ပွဲကနေ လူနည်းစုဖြစ်တဲ့ လိင်တူချစ်သူ LGBT တွေအနေနဲ့ သူတို့ လိုလားတဲ့ လူအခွင့်အရေးကိုတန်ဘိုးထားတဲ့၊ သူတို့ရဲ့ ဖြစ်တည်မှုတွေကို အသိအမှတ်ပြုနိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်ကို စစ်မှန်တဲ့ဆန္ဒမဲတွေပြုနိုင်ကြမလဲဆိုတာကတော့ ရွေးကောက်ပွဲ အလွန်ကာလအထိ စောင့်ကြည့်ရမယ့် ကိစ္စတရပ်ဖြစ်တယ်ဆိုတာကို တင်ပြရင်း ဒီကနေ့အတွက် MCN သတင်းခန်းရဲ့ STREAMIZ SHOW အစီအစဉ်ကို အဆုံးသတ်လိုက်ပါတယ်။
MCN သတင်းခန်းက တင်ဆက်ပေးနေတဲ့ အွန်လိုင်းရုပ်သံအစီအစဉ်တွေကို ဝေဖန်အကြံပြုလိုရင်ဖြစ် စေ သတင်းကိစ္စတွေနဲ့ ဆက်သွယ်လိုရင်ဖြစ်စေ ဖုန်းနံပတ် +959 36084960 ကိုဖြစ်စေ သတင်းခန်းရဲ့ အီးမေးလ်လိပ်စာဖြစ်တဲ့ newsroom.mcn@gmail.com ကိုဖြစ်စေ ဆက်သွယ် ဝေဖန်အကြံပြုနိုင်ကြောင်း ဖိတ်ခေါ်အပ်ပါတယ်။ ထုတ်လွှင့်ပြီး သတင်းတွေအပါအ၀င် ရုပ်သံအစီအစဉ်တွေကို www.mcntv.biz နဲ့ Facebook မှာ MCN TV NEWS အမည်နဲ့ ရှာဖွေ ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။ MCN သတင်းခန်းက တင်ဆက်ပေးနေတဲ့ အွန်လိုင်းရုပ်သံအစီအစဉ်တွေကိုကြည့်ရှု့အားပေးခဲ့ကြတဲ့အတွက် အထူး ကျေးဇူး တင်ရှိပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)