စင်္ကာပူက သိန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေထဲက ရာခိုင်နှုန်း အနည်းငယ်ပဲ မဲပေးခွင့်ရကြတယ်

0
413


ဒီကနေ့ MCN STREAMIZ SHOW အစီစဉ်မှာတော့ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေရဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေထဲက စင်္ကာပူနိုင်ငံမှာ ရောက်ရှိနေကြတဲ့ သိန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေထဲက ရာခိုင်နှုန်း အနည်းငယ်ပဲ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရရှိကြမယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး တင်ပြပေး သွားမှာ ဖြစ်ပါတယ်။
ဒီလို သိန်းနဲ့ချီနဲ့ စင်္ကာပူရောက် မြန်မာနိုင်ငံသားထဲက အများစုဟာ ဘာကြောင့် အမြင့်ဆုံး နိုင်ငံသားအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခွင့်တွေ ဆုံးရှုံးခဲ့ကြရတာလဲဆိုတာကလည်း စိတ်ဝင် စားစရာကောင်းလှပါတယ်။
ဒါကြောင့် MCN သတင်းခန်းရဲ့ STREAMIZ SHOW အစီအစဉ်ကနေပြီး စင်္ကာပူနိုင်ငံမှာ သွားရောက်အလုပ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်တဲ့ ကိုစောမျိုးမင်းလှိုင်ကို ဆက်သွယ်မေးမြန်း တင်ဆက်ပေး သွားမှာဖြစ်ပါတယ်။
စင်္ကာပူနိုင်ငံမှာ ရောက်ရှိနေကြတဲ့ သိန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဆုံးရှုံးနေတဲ့ အမြင့်ဆုံး နိုင်ငံသားအခွင့်အရေးတွေကို ပြန်ရအောင် ရွေးကောက်ပွဲကော်မရှင်အပါအ၀င်၊ အစိုးရအဖွဲ့နဲ့ နိုင်ငံရေး ပါတီအသီးသီးက ဘယ်လောက်အထိ အချိန်မှီ ဆောင်ရွက်ပေးကြမလဲဆိုတာကတော့ စောင့်ကြည့်ရမယ့် ကိစ္စ ဖြစ်တယ်ဆိုတာကို တင်ပြရင်း အဆုံးသက်လိုက်ရပါတယ်။
MCN သတင်းခန်းက တင်ဆက်ပေးနေတဲ့ အွန်လိုင်းရုပ်သံအစီအစဉ်တွေကို ဝေဖန်အကြံပြုလိုရင်ဖြစ် စေ သတင်းကိစ္စတွေနဲ့ ဆက်သွယ်လိုရင်ဖြစ်စေ ဖုန်းနံပတ် +959 36084960 ကိုဖြစ်စေ သတင်းခန်းရဲ့ အီးမေးလ်လိပ်စာဖြစ်တဲ့ newsroom.mcn@gmail.com ကိုဖြစ်စေ ဆက်သွယ် ဝေဖန်အကြံပြုနိုင်ကြောင်း ဖိတ်ခေါ်အပ်ပါတယ်။ ထုတ်လွှင့်ပြီး သတင်းတွေအပါအ၀င် ရုပ်သံအစီအစဉ်တွေကို www.mcntv.biz နဲ့ Facebook မှာ MCN TV NEWS အမည်နဲ့ ရှာဖွေ ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။ MCN သတင်းခန်းက တင်ဆက်ပေးနေတဲ့ အွန်လိုင်းရုပ်သံအစီအစဉ်တွေကိုကြည့်ရှု့အားပေးခဲ့ကြတဲ့အတွက် အထူး ကျေးဇူး တင်ရှိပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)