NCA ကနေ ထာဝရငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာနိုင်ပါ့မလား

0
435

ဒီကနေ့ Streamiz Show အစီအစဉ်မှာဆိုရင်တော့ နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခက်ရပ်စဲရေး သဘောတူ စာချုပ် NCA မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သဘောထားကို သိရဖို့အတွက် ဆက်သွယ်မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အတူ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်း (၈) ခုက ကိုယ်စားလှယ်တွေ နိုင်ငံရေးအင်အားစုတွေနဲ့ နိုင်ငံတကာက အသိသက်တွေ ရှေ့မှောက်မှာ NCA လက်မှတ်ကို ရေးထိုးခဲ့ကြတာပါ။

ဒီစာချုပ်ကနေ တိုင်းရင်းသားတွေ မျှော်လင့်နေကြတဲ့ တန်းတူညီမျှရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာနိုင်ဖို့ လမ်းစတွေ အမှန်တကယ် မြင်တွေရတာမျိုး ရှိမရှိ ဆိုတာနဲ့ပတ်သက်ပြီး ကိုယ်တိုင်ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ရဲ့ ဥက္ကဌ ဦးခွန်မြင့်ထွန်း ကို ဆက်သွယ်မေးမြန်း တင်ဆက်ပေး သွားမှာဖြစ်ပါတယ်။

ဒီ NCA စာချုပ်ကနေ တိုင်းရင်းသားတွေနဲ့အတူ မြန်မာပြည်သူတွေအားလုံး မျှော်လင့်နေကြတဲ့ တန်းတူညီမျှရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာနိုင်ဖို့အတွက် လမ်းစတွေ အမှန်တကယ် ဖြစ်ပေါ်လာနိုင်မလား။ လက်ရှိ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေစဲ တိုက်ပွဲတွေကို အမြန်ဆုံး အဆုံးသတ်နိုင်မလား။ ပင်လုံစာချုပ်လို အဓိပ္ပါယ်ပြည့်စုံတဲ့ ငြိမ်းချမ်းရေးအတွက် အနှစ်သာရရှိတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ အမှန်တကယ် ပေါ်ပေါက်လာပါ့မလား ဆိုတာကတော့ စောင့်ကြည့်ရမယ့်ကိစ္စတွေ ဖြစ်တယ်ဆိုတာကို တင်ပြရင်းနဲ့ MCN သတင်းခန်းရဲ့ Streamiz Show အစီအစဉ်ကို အဆုံးသတ်လိုက်ပါ တယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)