အစ္စလာမ်ဘာသာဝင်တွေရဲ့ အကျိုးကို လိုလားရင် အပြုသဘောဆောင်တဲ့ ကူညီမှုတွေသာပေးဖို့လို

0
282

နိုင်ငံတကာက ပဋိပက္ခတွေကို မပြေငြိမ်းစေလိုသူတွေအနေနဲ့ တဖက်နိုင်ငံ ဒုက္ခသည်စခန်းရောက် အစ္စလာမ်ဘာသာဝင်တွေရဲ့ အကျိုးကို လိုလားရင် နိုင်ငံတွင်းက ပြည်သူတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နေရေးကို ဦးတည်တဲ့ အပြုသဘောဆောင်တဲ့ ကူညီမှုတွေကိုသာ ဆောင်ရွက်ကြဖို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သလို ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ရဲ့ အစ္စလာမ်ဘာသာကိုယ်စားပြု (အမြုတေအဖွဲ့ဝင်) တစ်ဦးဖြစ်တဲ့ ဆရာ ဦးအေးလွင်က မေတ္တာရပ်ခံ ပန့်ကြားလိုက်ပါတယ်။

MCN သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအံ့ဘုန်းမြတ်နဲ့ သီးခြားတွေ့ဆုံမေးမြန်းခန်းကို ဖြေကြားစဉ် အဲ့ဒီလို မေတ္တာရပ်ခံ ပန့်ကြားလိုက်တာပါ။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ဥပဒေစိုးမိုးရေးကို ပြည်သူတွေအားလုံး ယုံကြည်စိတ်ချနိုင်တဲ့ အခြေအနေမျိုးဖြစ်လာအောင် အစိုးရအနေနဲ့ မဖြစ်မနေဖန်တီးပေးနိုင်ရင် တဖက်နိုင်ငံ ဒုက္ခသည်စခန်းရောက် အစ္စလာမ်ဘာသာဝင်တွေ ပြန်လာနိုင်မယ့် အခြေအနေကို ဖန်တီးပေးနိုင်မယ်လို့လည်း သူက အကြံပြု ပြောကြားထားတာပါ။

အပြည့်အစုံကို MCN သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)