ULA/AA ဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေကို ဖြစ်နိုင်တဲ့ နည်းနဲ့သာ တိုက်ပွဲဝင်ဖို့ ပန့်ကြား

0
669

❖ ရက္ခိုင့်တပ်တော် AA ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA အနေနဲ့ ဖြစ်နိုင်တဲ့ တောင်းဆိုချက်၊ ဦးတည်ချက်တွေကို ဖြစ်နိုင်တဲ့ နည်းစနစ်တွေသာ အသုံးပြုပြီး တိုက်ပွဲဝင်သင့်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ၁၉၉၀ ရွေးကောက် တင်မြှောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာတင့်ဆွေက မေတ္တာရပ်ခံ ပန့်ကြားလိုက်ပါတယ်။

❖ လက်ရှိရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ နယ်မြေ မငြိမ်းချမ်းမှုတွေကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်လူထုတစ်ရပ်လုံး ထောက်ခံအားပေးတဲ့ ရခိုင်နိုင်ငံရေးအင်အားစုတွေ အရေးနိမ့်ပြီး အခွင့်အရေးဆုံးရှုံးနိုင်တဲ့ အခြေအနေမျိုးတွေ ရှိနေတာကြောင့် အခုလို မေတ္တာရပ်ခံပန့်ကြားလိုက်တာပါ။

❖ အလားတူ တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာ အရေးပါတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေတဲ့အခြေအနေမျိုးမှာ အပစ်အခက်ရပ်ဆဲပြီး နယ်မြေအေးချမ်းဖို့နဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေး ULA/AA အနေနဲ့ အလေးအနက်ထား စဉ်းစားဖို့ကိုလည်း ပန့်ကြားထားပါတယ်။

❖ ဒီလို ရခိုင်ပြည်နယ်အရေးသုံးသပ်ချက်တွေနဲ့အတူ ၂၀၂၀ ရွေးကောက်ပွဲ အကြို၊ ရွေးကေက်ပွဲကာလနဲ့ ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေး အခြေအနေတွေ၊ အခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ICJ အရေးတွေအပေါ် ဆရာဒေါက်တာတင့်ဆွေက သုံးသပ်ခန့်မှန်းထားတာပါ။

❖ အပြည့်အစုံကိုတော့ MCN ရုပ်/သံ သတင်းဌာနက အထူးအစီအစဉ်တစ်ရပ်အနေနဲ့ နှစ်စဉ် စီစဉ်တင် ဆက်ပေးနေတဲ့ “၂၀၂၀ ခုနှစ်အတွက် ကြိုတင်ဟောကိန်း” (Adumbration For 2020) အစီအစဉ်မှာ ရှုစားနိုင်ကြမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)